Chapter 22

905 219 6
                                    

Unicode

Ch22

ကျန်းလော့ ဟားဟားဟားလို့တောင် အော်ရယ်လိုက်ချင်သည်။

ဒီမှာ မင်းထက်ပို​ကြောက်စရာကောင်းတာများ ရှိသေးလို့လား။

သူ့ဘေးမှာ လူအယောက်ဆောင်ထားတဲ့ မကောင်းဆိုးဝါးဝိညာဥ်ရှိပြီးတော့ အပြင်ဘက်မှာကျ မကောင်းတဲ့အရာတစ်ခုရှိနေသည်။ ကျန်းလော့ အမှန်အတိုင်းပြောရရင် ပိုင်ယဲ့ဖုန်းနဲ့အတူ စတိုခန်းထဲမှာ အတူတူပုန်းနေတာထက်စာရင် အပြင်ဘက်က သရဲနဲ့ပဲ ချလိုက်ချင်သည်။

ကျန်းလော့ အခုချိန်မှာ မကောင်းဆိုးဝါးဝိညာဥ်ရဲ့ ညံ့ဖျင်းတဲ့သရုပ်ဆောင်မှုကို မဖော်ထုတ်သေးပေမယ့် ၎င်းလေသံထဲက ရက်စက်မှုအငွေ့အသက်ကို ကျန်းလော့ ပြင်းပြင်းထန်ထန်ခံစားမိသည်။

၎င်းအငွေ့အသက်ကြောင့် ကျန်းလော့ရဲ့အာရုံကြောတွေ တောင့်တင်းသွား၏။

အလုံပိတ်စတိုခန်းထဲရှိလေထုက ပူအိုက်စိုထိုင်းနေကာ အကျယ်အဝန်းကလည်း သူတို့တွေ မတ်တပ်ရပ်ဖို့နေရာပဲရှိသည်။

ကျန်းလော့ ပိုင်ယဲ့ဖုန်းလက်ကို ဖယ်လိုက်ကာ
နောက်တစ်လှမ်းဆုတ်ကာ ပိုင်ယဲ့ဖုန်းနဲ့ ခွာနေလိုက်သည်။

မျက်နှာကျက်ပေါ်ကမီးလုံးတွေက သိပ်မကြာခင်မှာ ပေါက်ကွဲတော့မည့်အလား မီးရောင်တွေ တဖျပ်ဖျပ်ဖြစ်နေကာ တံခါးကြားကနေ ရေမြောင်းပုတ်နံ့က တိုးဝင်လာပြီး အခန်းတစ်ခန်းချင်းစီတိုင်း၏နံရံတွင် ပါးလွှာသောရေခဲမှုန်တွေ ဖုံးလွှမ်းလာသည်။

ထိုအချိန် အိမ်သာအပြင်ဘက်ကနေ ရုတ်တရတ် ခြေသံတွေဆူညံစွာ​ပေါ်ထွက်လာ၏။

ခက်ထန်သည့် ယောကျာ်းအသံတစ်ခုက ရက်စက်စွာပြောသည် '' သူဘယ်မှာလဲ! သူ့ကိုအလွတ်ပေးလိုက်လို့မဖြစ်ဘူး! ''

'' မြန်မြန်လုပ်... သူအိမ်သာထဲမှာပုန်းနေတာ... မြန်မြန်ရှာကြ မဟုတ်ရင် ငါတို့ကို လူတွေတွေ့သွားလိမ့်မယ်! ''

ကျန်းလော့ အာရုံစိုက်ကာနားထောင်ကြည့်သည်။ ခြေသံတွေကိုနားထောင်ကြည့်ရင် အပြင်မှာ စုစုပေါင်းလူသုံးယောက်ရှိတယ်... ဒါပေမယ့် လူနှစ်ယောက်စကားပြောနေတာကိုပဲ ကြားရသည်။ သူတို့တွေက တခြားသူတွေကြားသွားမှာကို မစိုးရိမ်သည့်မလား ကျယ်လောင်စွာငြင်းခုံနေကြသည်။ သူတို့ရဲ့စကားပြောသံကို ခန့်မှန်းကြည့်ရသလောက်
အားလုံးသုံးဆယ်ဝန်းကျင်လောက် ဖြစ်ကြ၏။

This Damned Thirst for Survial[Myanmar Translation]Where stories live. Discover now