Chapter 3

1.5K 326 19
                                    

Unicode

Ch-3

မူလပိုင်ရှင်ရဲ့မှတ်ဉာဏ်ထဲမှာတော့ မူလပိုင်ရှင်က ဒီလိုအမဲရောင်မြူမျိုးကို တခါမှမတွေ့ဖူးဘူး။

ကျန်းလော့ အဲ့ကိစ္စကို သူ့စိတ်ထဲမှာ ခဏသိမ်းထားလိုက်ပြီးတော့ Sleeping Beauty themed အခန်းကို သူဌေးနောက်ကနေ လိုက်သွားတယ်။

အဲ့တာက အခန်းရဲ့အလည်မှာ ကုတင်သုံးခု ထားရှိထားတဲ့ သုံးယောက်ခန်းဖြစ်ပြီး မိန်းကလေးတွေအကြိုက် အိပ်မက်ဆန်ဆန်ဖန်တီးမှုတွေနဲ့ အလှဆင်ထားတယ်။ နံရံထောင့်မှာ အစိမ်းရောင်ပန်းပင်အိုးလေးတွေ ထောင်ထားပြီး ပြတင်းပေါက်က အနောက်အရပ်ကို မျက်နှာမူထားတယ်။

တံခါးနားမှာရပ်နေတဲ့သူဌေးက အခန်းထဲမှာ သူ့ကိုဖမ်းစားမယ့်မကောင်းဆိုးဝါး ရှိနေသလိုမျိုး ကြောက်ရွံ့တဲ့အမူအရာနဲ့ ကြည့်နေတယ် '' လွန်ခဲ့တဲ့တလလောက်က ပျောက်သွားတဲ့ဧည့်သည်တွေက ဒီအခန်းမှာ တည်းခဲ့တာပါ။ မိန်းကလေးသုံးယောက်... တော်တော်ခင်မင်တဲ့ပုံစံပါပဲ ကျောင်းတက် နေက တုန်းပဲ။ လုံခြုံရေးကင်မရာတွေ မပျက်သွားခင်တုန်းက ကင်မရာထဲမှာ သူတို့သုံးယောက်လုံး အခန်းထဲပြန်ဝင်လာတာကို ရိုက်မိထားတယ် ဒါမဲ့ နောက်တနေ့မှာ ဘယ်သူမှ ပြန်မထွက်လာဘူး။ ကျွန်တော်တို့ တံခါးဖွင့်ကြည့်လိုက်တော့ သူတို့တွေပျောက်သွားကြပြီ ''

သူဌေးက ခေါင်းခါရင်း သူ့အကြည့်တွေက ထိတ်လန့်နေတယ် '' သူတို့ဘေးအခန်းမှာ တည်းတဲ့ကောင်လေးနှစ်ယောက်လဲ တညလုံးအပြင်မထွက်ဘူး ပြီးတော့ မိန်းကလေးတွေက အိပ်ယာမဝင်ခင် သူတို့နှစ်ယောက်ကိုတောင် နှုတ်ဆက်သွားသေးတယ်တဲ့။ သူတို့ပျောက်သွားတာသိသိချင်း ကျွန်တော် တို့ ရဲခေါ်လိုက်တယ်။ ကျွန်တော်တို် ဟိုတယ်တခုလုံးရှာပြီးပြီ သူတို့အရိပ်အယောင်လုံးဝမတွေ့ဘူး ''

သုံးယောက်လုံး တိတ်ဆိတ်စွာ နားထောင်နေကြရင်း ယဲ့ရွှင်မေးလိုက်တယ်
'' အခန်းထဲမှာရော ဘာရှာတွေ့သေးလဲ? ''

'' ဘာမှမတွေ့ဘူး '' သူဌေးက စီးကရက်ကို တဖွာရှိုက်ရင်း ဖြည်းဖြည်းချင်း စိတ်ငြိမ်သွားအောင် လုပ်နေတယ်

This Damned Thirst for Survial[Myanmar Translation]Where stories live. Discover now