Chapter 30

708 172 6
                                    

Unicode

Ch-30

လတ်စသတ်တော့ ကောင်းကင်ပေါ်ကနေပြုတ်ကျလာတဲ့ပိုင်မုန့်ဆိုတာ တကယ်ရှိတာကိုး။

ထိုစာကြောင်းလေးနဲ့တင် ဖုန်းလီ၏စကားတွေက အရမ်းပြင်းထန်နေသော်ငြား သူ့အပေါ် ကျန်းလော့၏လေးစားချစ်ခင်မှုက တစ်ဟုန်တိုးထိုးတက်သွား၏။

သူ့မျက်လုံးထောင့်နှင့်မျက်ဝန်းထဲရှိအပြုံးကို မနည်းကြိုးစားကာဖိနှိပ်လိုက်ပြီး တွေ့သွားမှာစိုးလို့ ခေါင်းငုံ့ကာမျက်နှာကိုလက်ဖြင့်အုပ်လိုက်သည်။

ဖုန်းလီကသူပြောတဲ့အတိုင်း ချီယုံ့၏ဝိညာဥ်ကိုဖျက်ဆီးပစ်နိုင်သည်ဖြစ်စေ မဖျက်ဆီးနိုင်ဘူးဖြစ်စေ ကျန်းလော့ကတော့ ချီယုံ့ကိုဖုန်းလီ၏ရှေ့မှောက်သို့ရောက်လာအောင် ဖြားယောင်ရမည်။

ချီယုံ့ရဲ့ဝိညာဥ်ကို ကျန်းလော့ကိုယ်တိုင်
တစစီဖျက်ဆီးပစ်ချင်ပေမယ့်လည်း ဖုန်းလီက 'စပရိုက်စ်'လုပ်ပေးမယ်ဆိုပါက သူကတော့ကျိန်းသေပေါက် ကျေးဇူးကမ္ဘာပဲပေါ့။

အနက်ရောင်ဆံနွယ်တွေကဝဲကျလျက် သူ့မျက်နှာတစ်ခြမ်းကို ဖုံးလွှမ်းထားသည်။ ကျန်းလော့ကိုယ်တိုင်လည်း မျက်နှာအမူအရာကို သေသေချာချာဖုံးထားသည်။ ၎င်းကိုမြင်တော့ ဖုန်းလီ၏မျက်လုံးတွေက သုန်မှုန်နေပြီးစိတ်မကောင်းဟန်ဖြစ်သွားသည်။

သို့ပေမယ့် သူစိတ်မကောင်းဖြစ်မိသော်ငြား
ဖုန်းလီ၏နှလုံးသားကတော့ နည်းနည်းလေးမှပျော့ညံ့မသွားပေ။ အဲ့ဒါနဲ့ဆန့်ကျင်ဘက် မျိုးနွယ်စု၏ဒီလိုပါရမီရှိလှသည့်တပည့်ကို အစွဲအလမ်းဖြစ်အောင်လုပ်ခဲ့တဲ့ အနှီမကောင်းဆိုးဝါးဝိညာဥ်ကိုသာ သတ်ပစ်ချင်စိတ်တွေပေါ်လာသည်။

ဖုန်းလီ၏မျက်နှာကဘာကိုမှဂရုမစိုက်ဟန်ဖြင့် သူ၏သတ်ဖြတ်လိိုစိတ်ကိုပိပိရိရိ ချုပ်ထိန်းထားတာကြောင့် ဘယ်သူမှသတိမထားမိပေ။

ဟိုတယ်သို့ပြန်ရောက်သည့်အခါ ကျန်းလော့ကားထဲကနေအရင်ဆုံးထွက်လိုက်သည်။

ကားပြတင်းပေါက်နိမ့်ကျလာပြီး ဖုန်းလီကတည်ငြိမ်စွာမေးသည် '' မင်းကျောင်းကိုဘယ်အချိန်ပြန်လာမှာလဲ? ''

This Damned Thirst for Survial[Myanmar Translation]Where stories live. Discover now