Chapter 8

1.2K 323 31
                                    

Unicode

Ch-8

ဝမ်ရန်လန်၏အပြုံးက သိမ်မွေ့ပေမယ့် အလွန်အကျွံပြုံးပြနေတာမျိုး မဟုတ်ဘူး... သူဒီလိုမေးခွန်းမျိုး မေးလိုက်တာတောင်မှ လူတွေကို မကောင်းတဲ့ခံစားချက်မျိုး မရစေဘူး။ 

အကယ်၍ ကွမ်ကျန်းက တောင်ကြီးတစ်လုံး ၊ ကောကျူက လေပြည်လေးဆိုရင် ဝမ်ရန်လန်က ဉာဏ်နီဉာဏ်နက်များတဲ့ မြေခွေးပဲ။ သူကျွမ်းကျင်တဲ့ အနာဂတ်ဟောပြောခြင်း ဘာသာရပ်ကိုလည်း မသုံးသလို ကျိုးကျုံးချိုးကဲ့သို့ တိတ်တိတ်လေး အကဲခတ်တာမျိုးလည်းမလုပ်ဘူး။ သူသိချင်တဲ့ဟာကို ပွင့်ပွင့်လင်းလင်း မေးလိုက်ပြီး မေးခွန်းကလည်း ခက်လားလို့ မေးပြန်ရင်လည်း မခက်သလို လွယ်လားလို့ မေးပြန်ရင်လည်း မလွယ်ဘူးလို့ အဓိပ္ပာယ်ရတဲ့မေးခွန်းမျိုးဖြစ်၏။

ကျန်းလော့က ဘယ်လိုလုပ် ချီယုံ့နဲ့ အိပ်ဖြစ်မှာလဲ။

အမှန်တကယ်တော့ ဒီမေးခွန်းဟာ အဖြေတစ်ခုပဲရှိပြီး ထိုအဖြေကိုလည်း ဝမ်ရန်လန်ကိုယ်တိုင် သိပြီးသားပင်။ 
လုယုံ့ရီနဲ့ယဲ့ရွှင်တို့ပြောပုံအရဆို ကျန်းလော့က ချီယုံ့မသေခင်အထိ ချီယုံ့ကို ချစ်မိနေမှန်း သတိမထားမိဘူးလေ။ 

ဘယ်လိုလုပ် ချီယုံ့အသက်ရှင်နေစဥ်မှာ ကျန်းလော့က ချီယုံ့နဲ့အိပ်မိမှာလဲ။ 

ဒါပေမယ့်...

ကျန်းလော့ မေးစေ့ကို လက်နှင့်ထောက်ထားရင်း ပြတင်းပေါက် အပြင်ဘက်သို့ ခေါင်းလှည့်ကာ ငေးကြည့်နေလိုက်တယ်။

ဖန်သားပြတင်းပေါက်ကို ဖြတ်၍ဝင်လာသော မနက်ခင်းနေရောင်ခြည်က 
သူ့အပေါ်ဖြာကျနေသည့်ပုံစံက အေးချမ်းသိမ်မွေ့လှသည်။ ရုတ်တရက် အပြင်ကနေ စာကလေးတစ်ကောင်ဝင်လာပြီး ကျန်းလော့နားက ပြတင်းပေါက်ဘောင်မှာ အသာလေး နားနေကာ ၎င်း၏ မဲနက်ပြီး စူးရှတောက်ပနေသည့် မျက်လုံးလေးတွေက ကျန်းလော့ကို တိတ်တဆိတ် ကြည့်နေလေသည်။

ကျန်းလော့ စာကလေးကို လက်ဖြင့် ပွတ်သပ်ပေးလိုက်ပြီး လေထုထဲက ရွှေရောင်အရှိန်အဝါကို ကြည့်လိုက်တယ်။ ဒီလိုဖုန်းရွှေမြေမျိုးမှာ ချီယုံ့လို မကောင်းဆိုးဝါးဝိညာဥ် ပေါ်မလာလောက်ပါဘူး။ 

This Damned Thirst for Survial[Myanmar Translation]Where stories live. Discover now