Chapter 52

296 36 0
                                    

Unicode

Ch-52

သို့ပေမဲ့တစ်ချက်ထိုးပြီးတဲ့နောက် ကျန်းလော့ရဲ့အမူအရာဟာတောင့်ခဲသွား၏။

သူ့လက်သီးကကျောက်တုံးကိုထိုးမိသွားသလိုခံစားလိုက်ရသည်။ ကျောက်တုံးကတော့မနာဘူး... သူကသေလောက်အောင်နာသွားသည်။

ကျန်းလော့မျက်မှောင်ကြုတ်လျက် နာကျင်မှုကိုကြိတ်မှိတ်ခံလိုက်သည်။ သူ့မျက်နှာထားကိုတစ်စက်ကလေးမှမပျက်စေဘဲ လက်ကိုပြန်ရုတ်ကာချီယုံ့ရဲ့ဗိုက်ကိုခြေထောက်နှင့်အသေကန်ထည့်လိုက်သည်။

ချီယုံ့ရဲ့ကျောပြင်ဟာခေါင်းတလားအဖုံးနှင့်တိုက်မိပြီး ဒုန်းခနဲအသံအကျယ်ကြီးထွက်သွားသည်။ အပြင်ဘက်ရှိဆိုင်းသံဗုံသံတွေရုတ်တရတ်ရပ်တန့်သွားကာ ခေါင်းတလားကလှုပ်ခါနေတာရပ်သွားသည်။

မကောင်းဆိုးဝါးဝိညာဥ်သည်ဗလုံးဗထွေးဖြင့်ရယ်လျက် တဖြည်းဖြည်းနဲ့ရယ်သံကပိုပိုကျယ်လောင်လာ၏။ ကျန်းလော့သည်ချီယုံ့ကိုသူ့အောက်တွင်ပြန်ဖိချုပ်လိုက်ပြီး ယင်ဟူကိုဆင့်ခေါ်ကာခေါင်းတလားအဖုံးကို ဝင်တိုက်ကာဖွင့်ခိုင်းလိုက်သည်။ ထို့နောက်ခေါင်းတလားထဲမှခပ်မိုက်မိုက်စတိုင်ဖြင့်ခုန်ဆင်းလိုက်သည်။

ခေါင်းတလား၏အပြင်ဘက်တွင် ရေသရဲတွေရော ၊သတို့သမီးသရဲတွေရောမရှိတော့ပေ။ ကျန်းလော့ချက်ချင်းနောက်လှည့်ကာ ခေါင်းတလားအဖုံးကိုပြန်ပိတ်ဖို့လုပ်လိုက်သည်။

'' ဆရာချီ '' ကျန်းလော့ခေါင်းတလားထဲမှမကောင်းဆိုးဝါးဝိညာဥ်အား အပြုံးမမည်သောအပြုံးဖြင့်ကြည့်ကာ '' မင်းဒီထဲမှာတစ်ယောက်တည်းနေပြီးတော့ မင်းရဲ့နှလုံးသားကိုရှာနေလိုက်တော့ ''

ခေါင်းတလားကိုအဖုံးလုံးဝပိတ်သွားခါနီး
နောက်ဆုံးနည်းနည်းလေးပဲလိုတော့တဲ့အချိန်၌ ခေါင်းတလားထဲရှိမကောင်းဆိုးဝါးဝိညာဥ်ဘယ်ချိန်တွင်ဘယ်လိုမျိုးနေရာပြောင်းလိုက်လဲတော့မသိ။ ကျန်းလော့မြင်လိုက်ရတာတော့ ချီယုံ့ကခေါင်းတလားထဲမှာဗိုက်ပေါ်တွင်လက်နှစ်ဖက်ယှက်၍တင်ထားကာ
ကျက်သရေရှိစွာလဲလျောင်းနေ၏။

This Damned Thirst for Survial[Myanmar Translation]Where stories live. Discover now