Chapter 29

727 178 10
                                    

Unicode

Ch-29

ခဲ့ဝမ်ဝေ့ကချွေးသုတ်လိုက်ကာ '' ဒီပန်းချီကားထဲကလူက ကျွန်တော်နဲ့ကလေးဘဝတည်းက အတူတူကြီးပြင်းလာခဲ့တဲ့ သူငယ်ချင်းကောင်း လီအာပါ။ ''

'' ကျွန်တော်စီးပွားမတက်ခင်အချိန်တုန်းက သူနဲ့အတူအချိန်ဖြုန်းလေ့ရှိပါတယ် '' ခဲ့ဝမ်ဝေ့က ဆက်ပြောသည် '' သူကကျွန်တော့်ညီအစ်ကိုလိုပါပဲ။ တစ်ယောက်နဲ့တစ်ယောက်ခွဲခြားမနေဘဲ ပိုက်ဆံရှိရင်လည်းအတူတူသုံးတယ်... အခက်အခဲရှိရင်လည်း အတူတူရင်ဆိုင်ကြတယ်။ ကျွန်တော်တို့ဆယ့်ခုနှစ် ဆယ့်ရှစ်နှစ်လောက်မှာ ဂူဖောက်တဲ့သူငယ်ချင်းတစ်ယောက်နဲ့စဆုံခဲ့တယ်။ အဲ့နောက် ကျွန်တော်တို့ဒီစီးပွားရေးကို စတင်လုပ်ကိုင်ခဲ့ကြပါတယ် ''

သေသူတွေရဲ့အုတ်ဂူတွေကိုဖောက်ပြီးတော့ ၊
တန်ဖိုးရှိတာတွေကိုရှာဖွေပြီး ရောင်းချပစ်ခြင်း။

'' ဒါပေမယ့် တစ်ခါ ကျွန်တော်တို့သင်္ချိုင်းကိုသွားခဲ့တုန်းက မတော်တဆတစ်ခုဖြစ်ခဲ့ပြီး သူပြန်မလာနိုင်ခဲ့ဘူး '' ခဲ့ဝမ်ဝေ့က မျက်ရည်တွေကိုသုတ်လိုက်၏။ '' ကျွန်တော်တစ်ယောက်တည်းပဲပြန်လာနိုင်ခဲ့တယ်။ အဲ့ဒီကိစ္စနောက်ပိုင်း ကျွန်တော်သင်္ချိုင်းတွေကိုဘယ်တော့မှထပ်မသွားတော့ဘူး။ စုဆောင်းထားတာလေးတွေနဲ့စီးပွားရေးလုပ်ခဲ့တယ်...။ မျက်စိတစ်မှိတ်အတွင်းမှာ အနှစ်နှစ်ဆယ်နီးပါးကုန်သွားခဲ့ပြီ...။ ''

အချိန်တွေကကြာပြီမလို့ အတိတ်မှာဘာဖြစ်ခဲ့လဲကိုသူမေ့သွားခဲ့ပြီဖြစ်ကာ ပန်းချီကားထဲရှိနောက်ကျောကိုလည်း မေ့ပျောက်သွားခဲ့ပြီ။

ဖုန်းလီကမျက်မှောင်ကြုတ်ကာ '' ပြောလို့ပြီးပြီလား? ''

ခဲ့ဝမ်ဝေ့ကခေါင်းညိတ်ပြ၏။

ဖုန်းလီ '' ခင်ဗျား သူ့အပေါ်မှာဘာအမှားတွေလုပ်ခဲ့လဲ? ''

ခဲ့ဝမ်ဝေ့ကတစ်ခဏလောက် တွေဝေနေပြီး
အံကြိတ်ရင်းပြောသည် '' အဲ့အချိန်တုန်းက သင်္ချိုင်းထဲကရခဲ့သမျှပစ္စည်းတွေအားလုံးကို ကျွန်တော်ယူလာခဲ့ပြီး ရောင်းချလို့ရတဲ့ငွေတွေကိုလည်း သူ့မိသားစုအတွက်တစ်ပြားမှမချန်ခဲ့ဘဲ ကျွန်တော့်ဘာသာသုံးပစ်ခဲ့ပါတယ် ''

This Damned Thirst for Survial[Myanmar Translation]Where stories live. Discover now