Chapter 25

767 205 17
                                    

Unicode

Ch-25

မစ္စတာမကောင်းဆိုးဝါး...။

ပိုင်ယဲ့ဖုန်း၏အကြည့်တွေ အနည်းငယ်ပြောင်းလဲသွားသော်ငြား အပြုံးကတော့ နဂိုအတိုင်း အပြစ်ကင်းစင်နေဆဲပင်။ သို့သော်
သူ့ပုံစံက ဒေါသနည်းကာ ပိုပြီးအန္တရယ်များလာသလိုပင် '' အတန်းဖော်ကျန်းလော့ မင်းဘယ်သူ့အကြောင်းပြောနေတာလဲ? ''

ကျန်းလော့၏ခြေထောက်က ဖြည်းဖြည်းချင်း အားဖိနင်းလိုက်တာကြောင့် မာတင်ဘွတ်ဖိနပ်က မကောင်းဆိုးဝါးဝိညာဥ်၏ပခုံးကိုဖိချလိုက်သလိုဖြစ်သွားပြီး ရွှံံ့ အရာလိုက်ကြီးပေသွားသည်။ ကျန်းလော့ မကောင်းဆိုးဝါးဝိညာဥ်ကို မျက်နှာချင်းဆိုင်လိုက်ပြီး ရက်စက်စွာပြုံးပြလိုက်သည်။
အဲ့နောက် အပေါ်စီးကနေ ငုံ့ကြည့်ကာ သူ့နှုတ်ခမ်းထောင့်တွေက ကွေးညွတ်သွား၏
'' အတန်းဖော်ပိုင် ဒီမှာ မင်းနဲ့ငါ နှစ်ယောက်တည်းပဲရှိတာ... ငါဘယ်သူ့အကြောင်းပြောနေတယ်လို့ မင်းထင်လဲ? ''

သူပြောပြီးပြီးချင်းမှာပဲ ပိုင်ယဲ့ဖုန်း၏နား,နားထိ ကိုယ့်ကိုကိုင်းညွတ်လိုက်သည်။ သူ့လက်ထဲက ဓားမြှောင်က ပိုင်ယဲ့ဖုန်းရဲ့နဖူးအလယ်တည့်တည့်ကနေ နှလုံးရှိရာထိ ရွေ့ဆင်းသွားပြီးတော့ ဖြေးဖြေးချင်းပြောသည် '' လူအဖြစ်ဟန်ဆောင်တာကြာသွားတော့ ကိုယ့်ကိုကိုယ်
လူလား သရဲလားဆိုတာမေ့သွားပြီလား...
ချီယုံ့? ''

ချီယုံ့ ခဏလောက်တန့်သွားပြီး ဖြည်းဖြည်းချင်း ပြုံးလိုက်သည်။

ကြည့်ရတာ သူရဲ့အပေါ်ယံခြုံထားသည့် လူအရေခြုံကို ခွာချလိုက်သကဲ့သို့ သူ၏ယုတ်မာပြီး ကြောက်မက်ဖွယ်ကောင်းသည့်ဗီဇ ပေါ်ထွက်လာတော့သည်။ သူ့နှုတ်ခမ်းထောင့်က စိတ်မူမမှန်သူကဲ့သို့ ရူးကြောင်ကြောင်အပြုံးထွက်ပေါ်လာသည်။
အဲ့တာက သေချာပေါက် ပိုင်ယဲ့ဖုန်းရဲ့ မျက်နှာပဲ... ဒါပေမယ့် အခုကျတော့ ၎င်းမျက်နှာက လူတွေကိုထိတ်လန့်သွားစေပြီး ရိုးတွင်းချင်ဆီထဲကတောင် တဆတ်ဆတ်တုန်ယီသွားစေသည့်ခံစားချက် ဖြစ်ပေါ်လာစေသည်။

မကောင်းဆိုးဝါးဝိညာဥ်၏နှုတ်ခမ်းထက်က အပြုံးက တဖြည်းဖြည်း ပိုပိုတောက်ပလာသည်။ သူ့မျက်မှန်ကိုချွတ်လိုက်ပြီး သိချင်စိတ်ဖြင့် မေးသည် '' မင်းဘယ်လိုလုပ်သိသွားတာလဲ? ''

This Damned Thirst for Survial[Myanmar Translation]Where stories live. Discover now