Chapter 4

1.3K 314 25
                                    

Unicode

Ch-4

ကျန်းလော့ မှန်ကို အရမ်းခဲယဥ်းစွာဖြင့် ကြည့်လိုက်တယ်။

အသံကတကြိမ်ထပ်ရယ်လိုက်ကာ ရယ်ချင်စိတ်နှင့်အတူ ပြောလာတယ်
'' အဲ့ဒါက တကယ့်ကိုစိတ်ဝင်စားဖို့ ကောင်းတဲ့ပုံပြင်ပဲ ''

ဘယ်လိုလုပ် ဒီအချိန်ကျမှ ချီယုံ့က ပေါ်လာတာလဲ?

ကျန်းလော့ရဲ့ခြေထောက်တွေက ကြမ်းပြင်နဲ့ကွာနေပြီ။ ကြမ်းပြင်ပေါ်မှာ
ခြေဖျားထောက်ထားရုံပဲတတ်နိုင်ပြီး အောက်စီဂျင်ပိုရအောင် သူ့လည်ပင်းကို ညစ်ထားတဲ့မြူကို တိုက်ခိုက်ဖို့ လက်နှစ်ဖက်နဲ့ရုန်းကန်လိုက်တယ် သို့ပေမဲ့ တခါပြီးတခါ ရှုံးနိမ့်အပြီးမှာ သူ့မျက်နှာအရောင်က လုံးဝကိုပျက်ယွင်းလာတယ်။

မြူက လူပုံသဏ္ဍာန် အကောင်အထည်မဖော်နိုင်ဘဲ ကျန်းလော့နောက်မှာပဲ တွန့်လိမ်နေတယ်။ သူရဲ့သုန်မှုန်နေပြီး ကြောက်စရာ ကောင်းတဲ့လေသံက ခုနက ကျန်းလော့ညည်းနေခဲ့တဲ့သီချင်းသံကို ပြန်လည်ညည်းနေတယ်။ မြူးကြွတဲ့သံစဥ်က တဖြည်းဖြည်း နှေးလာပြီး ရွှင်မြူးစရာကောင်းတဲ့ တီးလုံးက အေးစက်လာပြီးတော့ ပုံပျက်သွားတယ်။

အခုချိန် ချီယုံ့က ကိုယ်ထင်ပြနိုင်စွမ်း မရှိသေးဘူးဆိုရင် သူသေပြီး ခုနှစ်ရက်အကြာမှာလဲ သူပြန်လာနိုင်မှာမဟုတ်ဘူး။

ကျန်းလော့ရဲ့နှလုံးနဲ့အဆုတ်ထဲမှာ အောက်စီဂျင်နည်းသထက်နည်းလာပြီး သူ့ဆံပင်က ချွေးတွေရွှဲနစ်နေကာ မျက်နှာက အနည်းငယ် ပြာနှမ်းလာတယ်။ ဒီလှပတဲ့လူငယ်လေးက အခုလိုဆိုးဆိုးရွားရွားအခြေအနေမှာတောင် အလွန်တရာ လှပနေဆဲပဲ။ သူရုန်းကန်ရင်းနဲ့ မမြင်ရတဲ့မြူကို ခုခံနေပုံက အားနည်းကာ သနားစရာကောင်းတဲ့ ပန်းအဖူး အငုံလေးလိုပဲ။

အဲ့လိုပန်းအဖူးအငုံလေးက ကိုယ့်လက်နဲ့ကိုယ် သူ့ဘဝကို အဆုံးသတ်တာကို မြင်ရရင် လူအများစုက မခံမရပ်နိုင်ဖြစ်ကြလိမ့်မယ်။ သို့ပေမဲ့ တချို့လူအနည်းစုအတွက်တော့ အလှအပကို ခံစားနိုင်ဖို့နည်းရှိတယ်။

လှပတဲ့ဘယ်အရာမဆို သေခြင်းတရားကို ကြုံတွေ့တဲ့အချိန်က စိတ်လှုပ်ရှားဖို့ အကောင်းဆုံးပဲ။

This Damned Thirst for Survial[Myanmar Translation]Kde žijí příběhy. Začni objevovat