Chapter 35

595 148 8
                                    

Unicode

Ch-35

ထျန်းရှီအိမ်တော်ထဲ၌ ကျန်းလော့ထင်ထားတာထက် လူတွေပိုများသည်။ တစ်ချက်ကြည့်လိုက်ရုံနဲ့ ကလေးတွေကနေအထိလူကြီးတွေ ၊ စီးပွားရေးလုပ်ငန်းရှင်တွေကနေ အရာရှိတွေအထိရှိနေကြသည်။ ကျန်းလော့ ရင်းနှီးနေသည့်မျက်နှာတချို့ကိုလည်းတွေ့လိုက်ရသည်။ နေ့စဥ်တီဗီပေါ်မှာမြင်ဖူးနေကျ နာမည်ကြီးသရုပ်ဆောင်စတားတွေဖြစ်သည်။

ထိုလူတွေက စိုးရိမ်နေတဲ့ပုံပေါ်ရင်ပေါ် အဲ့လိုမဟုတ်ရင် လေးစားသည့်ပုံပေါ်နေကြ၏။ လူတွေအများကြီးသွားလာလှုပ်ရှားနေကြတာတောင် ခြံဝန်းအကျယ်ကြီးထဲတွင် ဆူညံသံတစ်သံတောင်ရှိမနေဘဲ လူတိုင်းကတိတ်တိတ်ဆိတ်ဆိတ်နေ,နေကြ၏။

သို့သော် ထိုလူတွေထဲမှလူအများစုကတော့ ကောင်းကင်အရှင်ကို ကိုယ်တိုင်ကိုယ်ကျတွေ့ရန်မဖြစ်နိုင်ပေ။

ဖုန်းမိသားစု၏နာမည်ကျော်ဇော်မှုကြောင့်
ကျန်းလော့အလွန်မှင်တက်မိနေတုန်း
ချန်ပိသည် ခြံဝန်းထဲရှိလူအုပ်ကြီးကိုကျော်ဖြတ်ကာ ပထမခြံဝန်း၏ဂိတ်တံခါးရှိရာသို့ ခေါ်ဆောင်သွားသည်။ ဂိတ်တံခါးတွင်စောင့်ကြပ်နေသူမှာ လူငယ်တပည့်တစ်ယောက်ဖြစ်၏။ သူတို့ကိုမြင်တဲ့အခါ ထိုလူငယ်ကလက်တွေကိုဆုပ်ကာ အရိုအသေပေးသည်။ '' ဦးလေးချန်... ဆရာဖုန်းကအထဲမှာစောင့်နေပါတယ် ''

ဖုန်းလီ??

ကျန်းလော့ ချန်ပိအားလှမ်းကြည့်လိုက်သည်။ သူရဲ့ခပ်ညံ့ညံ့ဆရာက ဘာလို့သူ့ကိုခေါ်ပြီးဖုန်းလီကိုလာရှာတာလဲ?

ပထမခြံဝန်းရဲ့ဂိတ်တံခါးကို ဖြတ်ကျော်ပြီးတဲ့နောက် အထဲတွင်ချက်ချင်းလူပိုနည်းသွားသည်။ သူတို့အထဲသို့လမ်းလျှောက်ဝင်ပြီး သိပ်မကြာခင်မှာ ကြာပန်းရေကန်တစ်ခုကိုဖြတ်သွားသည်။ ကြာပန်းရေကန်တွင် ကျောက်တုံးဖြင့်ထုထွင်းထားသည့်စားပွဲနှင့်ကုလားထိုင်တစ်စုံရှိနေကာ ထိုင်ခုံပေါ်တွင်လူနှစ်ယောက်ထိုင်နေကြသည်။

နှစ်ဦးအနက်တစ်ဦးသည် တဖျပ်ဖျပ်လှုပ်ခါနေသည့် အဖြူရောင်မုတ်ဆတ်မွှေးအရှည်ကြီးရှိကာ ကြင်နာပြီးဖော်ရွေမယ့်ပုံပေါ်သည်။ ချန်ပိသည်ချက်ချင်းကိုအဲ့နားလျှောက်သွားပြီး ရိုရိုသေသေဖြင့်ပြောသည်။ '' ဆရာ ''

This Damned Thirst for Survial[Myanmar Translation]Where stories live. Discover now