Chapter 46

442 88 0
                                    

Unicode

Ch-46

ကျန်းလော့သူခိုးလာတဲ့နတ်ဆရာရဲ့အမက်ရောင်ဝတ်ရုံကိုထုတ်လိုက်သည်။ ဝတ်ရုံကိုဖြည်လိုက်တော့ အထဲမှာနတ်ဆရာလက်ထဲမှာကိုင်ထားတဲ့တုတ်ကောက်ရှိနေသည်။

ကျန်းလော့ရွှီခနဲလေချွန်လိုက်ပြီး အနက်ရောင်ဝတ်ရုံကိုသူ့ကိုယ်ပေါ်မှာဝတ်လိုက်သည်။

ခေါင်းစွပ်ကိုပါဝတ်လိုက်တဲ့အခါမှာတော့ သူ့မျက်လုံး ၊မျက်ခုံးတွေအပြင် ကော့တက်နေသည့်နှုတ်ခမ်းဖျားတွေကိုပါ ဖုံးအုပ်သွားသည်။

*****

နာရီဝက်ကျော်သွားသောအခါ...

ဟွားလီသည်လေထဲတွင်အနံ့ခံနေတုန်းရှိသေးသည်။

အကြောင်းကတော့လူသားတွေမှာ သက်ရှိတွေမှာပဲရှိတတ်တဲ့ တမူထူးခြားသောရနံ့ရှိတတ်သည်။ ဒါပေမယ့်ပြီးခဲ့တဲ့နာရီဝက်လုံး အနံ့ခံကောင်းတဲ့သူ့နှာခေါင်းက အနံ့ကိုရလိုက်မရလိုက်ဖြစ်နေသည်။

လူသားနှစ်ယောက်ရဲ့အနံ့ကဖုံးအုပ်ထားသလိုမျိုး တဖြည်းဖြည်းနဲ့လျော့ပါးလာသည်။ သေသွားတာလား ဒါမှမဟုတ် မြေအောက်လှိုဏ်ဂူထဲကနေထွက်သွားတာလား?

ဟွားလီသည်မြေတွင်းတစ်လျှောက် လမ်းလျှောက်သွားရင်း ပိုပို၍စိတ်တိုလာသည်။

တကယ်တော့ ဖြစ်နိုင်ချေတစ်ခုထပ်ရှိသေးတယ်။ ဒါပေမဲ့ သူအဲ့ဒီဖြစ်နိုင်ချေကိုစဥ်းတောင်မစဥ်းစားတော့ဘဲ အတွေးထဲကနေထုတ်ပစ်လိုက်သည်။

အပြာရောင်အမြီးနဲ့ကင်းမြီးကောက်အမရဲ့သွေးက ယင်ဓာတ်တွေပြည့်နှက်နေပြီးတော့
လူသားခန္ဓာကိုယ်ရဲ့အသက်စွမ်းအင်အနံ့ကို ခဏတာဖုံးကွယ်ပေးထားနိုင်သည်။

ဒါပေမယ့် တစ်ဂူလုံးမှာရှိတဲ့ ကင်းမြီးကောက်အမတွေအကုန်လုံးကို သခင်ရဲ့ဝိညာဥ်ကိုထိန်းသိမ်းပြီးယင်ဓာတ်ကိုကာကွယ်ပေးဖို့အတွက်သုံးထားတာ။ အဲ့တာမှသခင်ရဲ့တစစီပြိုကျနေတဲ့ဝိညာဥ်ကို ပိုပြီးခိုင်မြဲလာစေပြီး
နတ်ဘုရားရဲ့ခန္ဓာကိုယ်နဲ့ပိုပြီးကိုက်ညီသွားလိမ့်မယ်။

လူသားတွေကကင်းမြီးကောက်အမရဲ့သွေးကိုဘယ်ကနေရမှာလဲ?

ဟွားလီအဲ့လိုစဥ်းစားနေတုန်းရှိသေး သူ့အနောက်ကနေ တစ်ယောက်ယောက်ကချဥ်းကပ်လာတာကိုသိလိုက်သည်။ သူသတိနဲ့လှည့်ကြည့်လိုက်တော့ အနက်ရောင်ဝတ်ရုံဝတ်ဆင်လျက် တုတ်ကောက်ကိုင်ထားသည့်သခင်ကိုမြင်လိုက်ရသည်။

This Damned Thirst for Survial[Myanmar Translation]Where stories live. Discover now