Chapter 54

216 31 2
                                    

Unicode

Ch-54

ဒီကမ္ဘာပေါ်မှာသူ့လိုအကြွင်းမဲ့အငြိုးအတေးမျိုးကိုပိုင်ဆိုင်ထားတဲ့​တခြားတစ်ယောက်ထပ်ရှိနေမယ်လို့ ချီယုံ့ဘယ်တုန်းကမှမထင်ထားခဲ့ဘူး။

သူ၏မကောင်းမှုကယုတ်ညံ့ပျက်စီးနေသည့်ရွှံ့နွံထဲမှပေါက်ဖွားလာခဲ့တာဖြစ်ပြီး သူအသက်ရှင်စဥ်အချိန်ကတည်းက မကောင်းဆိုးဝါးဝိညာဥ်ကဲ့သို့ဖြစ်နေခဲ့တာ။
ဘယ်လိုလုပ်ဒီလိုမျိုးအားပြင်းတဲ့အငြိုးအတေးမျိုးပိုင်ဆိုင်တဲ့နောက်ထပ်လူတစ်ယောက်ထပ်ရှိနေရတာလဲ?

ကျန်းလော့ကတကယ်ပဲဘယ်လိုမျိုးတွေကိုကြုံတွေ့ခဲ့ရလို့လဲ?

ချီယုံ့သိချင်စိတ်ကိုမထိန်းနိုင်ဘဲ မတ်တပ်ရပ်၍အနားတိုးကာကျန်းလော့၏မျက်နှာအမူအရာကိုဆန်းစစ်ကြည့်သည်။

ကျန်းလော့၏ရှည်လျားသွယ်လျပြီး လှပသည့်မျက်ဝန်းအစုံက သွေးကဲ့သို့တဖြည်းဖြည်းနီရဲလာကာ မကောင်းတဲ့ခံစားချက်မျိုးရစေသည်။ မျက်လုံးအထဲမှာသွေးတွေစီးဆင်းနေသလိုဖြစ်နေလျက် သွေးအေးရက်စက်မှုနှင့်ဆိုးညစ်မှုတွေပြည့်နှက်နေ၏။

ဒီမျက်ဝန်းတွေကလှပပြီးအရိုင်းဆန်လွန်းလှသည်။ ချီယုံ့သိချင်စိတ်အပြည့်ဖြင့်မေးလိုက်တယ်။ '' ကျန်းလော့... မင်းဘာတွေတွေးနေတာလဲ? ''

ကျန်းလော့သူ့ကိုကြည့်လိုက်တဲ့အခါ သူ့အမြင်အာရုံကိုနီညိုရောင်သန်းနေသည့်မြူခိုးတစ်လွှာကဖုံးလွှမ်းထားသလိုဖြစ်နေသည်။
သူရဲ့အခြေအနေတစ်ခုခုမှားယွင်းနေတာကို ကျန်းလော့ရှင်းရှင်းလင်းလင်းခံစားမိသည်။

သူ့စိတ်ထဲကနောက်ထပ်အသံတစ်ခုကဆက်ပြောသည်။ '' သူကမင်းကိုဆယ့်ရှစ်ကြိမ်တောင်သတ်ခဲ့တယ်... မင်းအရူးလိုစိတ်မဖောက်ပြန်သွားတာကအတော်လေးကံကောင်းလို့ပဲ။ သူကမင်းကိုဒီလောက်တောင်ဒုက္ခလိုက်ပေးနေတာ ဒီတိုင်းသတ်ပစ်လိုက်ရင်အရမ်းလွယ်မနေဘူးလား။ သူ့ကိုသတ်ပစ်တာထက် ဆက်ပြီးအရူးလုပ် ၊လှည့်စားနေတာကပိုပျော်စရာကောင်းတယ်မဟုတ်လား? ''

'' သူ့မာနကိုနင်းခြေပစ်လိုက်... သူရဲ့ဟိတ်ကြီးဟန်ကြီးလွန်းတဲ့ပုံစံကိုဖျက်ဆီးပစ်လိုက်! သူ့ကိုယ်သူလူတိုင်းရဲ့အထက်မှာရှိနေတယ်ဆိုပြီး သွေးနားထင်ရောက်နေတဲ့မကောင်းဆိုးဝါးဝိညာဥ်ကို မင်းရှေ့မှာဒူးထောက်အရှုံးပေးခိုင်းပြီးတော့ သူရဲ့နဂိုအေးတိအေးစက်နဲ့ရက်စက်ကြမ်းကြုတ်တဲ့ပုံစံကိုဆုံးရှုံးသွားအောင်လုပ်ပစ်လိုက်! မင်းရဲ့စကားလုံးတစ်လုံး ၊အကြည့်တစ်ချက်နဲ့တင်သူရင်တမမဖြစ်နေလိမ့်မယ်... မင်းရဲ့အပြုံးလေးတစ်ပွင့် ၊ဖြစ်သလိုပြောလိုက်တဲ့ချီမွမ်းစကားတစ်ခွန်းကြောင့် ပီတိတွေဖြာပြီးသူ့အသက်ကိုတောင်ပေးဖို့ဝန်လေးနေမှာမဟုတ်ဘူး... အဲ့လိုဆိုမကောင်းဘူးလား? ''

This Damned Thirst for Survial[Myanmar Translation]Where stories live. Discover now