Chapter 28

707 164 7
                                    

Unicode

Ch-28

ဒါကဘယ်လိုအဓိပ္ပာယ်မရှိတာမျိုးလဲ?

တခြားတပည့်နှစ်ယောက်က သူ့ကိုမှင်တက်စွာ ကြည့်လိုက်ကြ၏။

အကယ်၍ ဒီမှာမကောင်းဆိုးဝါးရှိမနေဘူးဆိုရင် သူတို့ကဘာလာလုပ်ရမှာလဲ?။

သို့သော် ဖုန်းလီက မျက်နှာအမူအရာပြောင်းလဲသွားခြင်းမရှိဘဲ ခေါင်းညိတ်ပြ၏။
'' မင်းပြောတာမှန်တယ် ''

ကျန်းလော့ကိုချီးကျူးပြီးတာနဲ့ အိမ်ထဲသို့ဝင်သွားသည်။

ဝမ်စန်ထန်နဲ့တခြားတစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် မယုံကြည်နိုင်သလို ကြည့်နေကြသည်။

ဆရာဖုန်းက ​လူတွေကို တော်ရုံချီးကျူးလေ့မရှိဘူး... ဒါပေမယ့် အခုလေးတင် ဆရာဖုန်းက ကျန်းလော့ကိုချီးကျူးသွားသည်။

နှစ်ယောက်သား တစ်ခဏခန့်အကြည့်ချင်းဆုံနေမိကြသည်။ ဆရာဖုန်းက အဲ့လိုအဖြေမျိုးကို သဘောကျတာလား?

လူငယ်က သူတို့ကိုဧည့်ခန်းထဲသို့ ဦးဆောင်ခေါ်သွားသည်။ ဧည့်ခန်းထဲရှိဆိုဖာပေါ်တွင် အမေနှင့်သမီးထိုင်နေကြသည်။

ဟွမ်ယွီလန်နှင့်သူမ့သမီးတို့က အရမ်းငိုထားလွန်းလို့ မျက်လုံးတွေတောင်နီရဲနေသည်။ သူတို့ဝင်လာတာကိုမြင်တော့ လက်ကိုင်ပဝါကိုအမြန်ထုတ်ကာ မျက်ရည်စတွေကိုသုတ်လိုက်၏။ ဟွမ်ယွီလန်က ကြိုးစားပြုံးရင်း မတ်တပ်ထရပ်လိုက်ကာ '' ဆရာဖုန်း ထိုင်ပါ ''

ဖုန်းလီကဆိုဖာတွင်ထိုင်လိုက်ပြီး ကျန်းလော့က တခြားနှစ်ယောက်နှင့်အတူ အနောက်တွင်မတ်တပ်ရပ်နေလိုက်သည်။

'' ပြောပါ '' ဖုန်းလီကတည်ငြိမ်စွာပြောသည်
'' ဘာကိစ္စဖြစ်လို့လဲ? ''

ဖုန်းမိသားစု၏ကောင်းကင်အရှင်တစ်ယောက်ဖြစ်သည့်ဖုန်းလီက ဒီလိုအသေးအဖွဲကိစ္စလေးတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ထွက်မလာတတ်ဘူး။ သို့သော် ဒီတစ်ခေါက်က သူကတိုက်တိုက်ဆိုင်ဆိုင် ယူနန်မှာရောက်ရှိနေပြီး အရင်ကောင်းကင်အရှင်က ဟွမ်ယွီလန်နှင့်ရင်းနှီးနေသည့်အတွက် သူ့ကိုကူညီပေးဖို့တောင်းဆိုခဲ့သည်။

This Damned Thirst for Survial[Myanmar Translation]Where stories live. Discover now