Chapter 5

1.3K 302 36
                                    

Unicode

Ch-5

လုယုံ့ရီ '' ..... ''

ကျန်းလော့ရဲ့စကားအပြီးမှာ လုယုံ့ရီ တကိုယ်လုံး ထိန်းမနိုင်သိမ်းမနိုင် တုန်ယီသွားတယ်။ သူ့ဦးရေပြားထုံနေကာ သူ့အရှေ့မှာ ရှိနေတဲ့လူရဲ့အဝတ်ကို လက်နဲ့ ပွတ်ကြည့်လိုက်တယ်။

အဝတ်ရဲ့အသားက ကြမ်းတမ်းပြီး တောင့်တောင့်ကြီးဖြစ်နေတယ်။ အနံ့ကို သေသေချာချာခံကြည့်လိုက်တော့ ရှင်းပြလို့မရတဲ့ ​အောက်သိုးသိုး အနံ့ကြီးရလိုက်တယ်။ အဲ့အနံ့က တနေ့ကုန် မိုးသည်းသည်းမည်းမည်း ရွာနေပြီးမှ ထွက်ပေါ်လာတဲ့ ဖုန်မှုန်တွေ ရောထွေးနေတဲ့မြေကြီးနံ့နှင့်ဆင်တူသည်။

ဒါ လုံးဝကျန်းလော့မဟုတ်ဘူး။

လုယုံ့ရီ ချွေးစီးတွေ တအားထွက်လာတယ်။ သူ့လက်ကို လွှတ်လိုက်ချင်ပေမဲ့ 'အဲ့လူ' ကို နှောင့်ယှက်သလို ဖြစ်သွားမှာလဲ ကြောက်နေတယ် '' ယဲ့ရွှင် ငါနဲ့ ကျန်းလော့ကြားမှာ လူတယောက် တကယ်ကြီးရှိနေတယ် ''

သူတို့ကြားထဲက ပိုနေတဲ့'လူ'ကတော့ မလှုပ်ရှားပေ။ နဂိုရှိနေတဲ့နေရာမှာပဲ ရပ်နေပြီး သူတို့ပြောတာတွေကို နားလည်တဲ့ပုံမပေါက်ဘူး။

ယဲ့ရွှင်ကမေးသည် '' အဲ့တာ ဘာလဲ? ''

လုယုံ့ရီက ငိုတော့မလိုပင် '' ငါလဲမသိဘူး။ ဒါမဲ့ အနံ့က ဖုတ်ကောင်လိုပဲ ''

ဘယ်လိုလုပ် ဖုတ်ကောင်က ဒီမှာပေါ်လာရတာလဲ?

ယဲ့ရွှင်မျက်မှောင်ကြုတ်လိုက်ပြီး ကျန်းလော့လက်ထဲကို အဆောင်တခု ထိုးထည့်ပေးတယ် '' အဲ့တာကို ထျန်းကျုံး ၊ ထျန်းထင် နဲ့ စီးခုံ* တတန်းတည်းမှာ ကပ်ထားလိုက် ''

ယဲ့ရွှင်မျက်မှောင်ကြုတ်လိုက်ပြီး ကျန်းလော့လက်ထဲကို အဆောင်တခု ထိုးထည့်ပေးတယ် '' အဲ့တာကို ထျန်းကျုံး ၊ ထျန်းထင် နဲ့ စီးခုံ* တတန်းတည်းမှာ ကပ်ထားလိုက် ''

ओह! यह छवि हमारे सामग्री दिशानिर्देशों का पालन नहीं करती है। प्रकाशन जारी रखने के लिए, कृपया इसे हटा दें या कोई भिन्न छवि अपलोड करें।
This Damned Thirst for Survial[Myanmar Translation]जहाँ कहानियाँ रहती हैं। अभी खोजें