Chapter 21

1K 238 16
                                    

Unicode

Ch-21

အချက်အလက်တွေကို ဖတ်ကြည့်ပြီးတဲ့နောက်မှာ ကျန်းလော့ ဖိုင်တွဲကိုသေသေချာချာ ပြန်စီလိုက်ပြီးတော့ ဗီရိုထဲ ပြန်ထည့်ပေးလိုက်သည်။

သူမ၏ပညာရေးမှတ်တမ်းတွေနဲ့ ဆရာတွေရဲ့မှတ်ချက်တွေကို ကြည့်ရင် ဖူယွမ်အာဟာ မိဘတွေမျက်စိထဲမှာ လိမ္မာတဲ့ကလေးတစ်ယောက်ဖြစ်ပြီး ဆရာတွေမျက်စိထဲမှာ စာတော်တဲ့ကျောင်းသူတစ်ယောက်ဖြစ်၏။ ထိုကဲ့သို့လိမ္မာတဲ့ကောင်မလေးက သူ့မိဘနဲ့ဆရာသမားတွေရဲ့စကားကို အမြဲနားထောင်သည်။ တံခါးပိတ်ချိန်မတိုင်ခင် အဆောင်ကိုရောက်အောင်ပြန်သည် ၊ ရည်းစားလည်းမထား ၊ ဖုန်းလည်းမသုံးဘူး။
သူမ့ကို ပိတ်ပင်ထားတဲ့ကိစ္စမှန်သမျှကို လုပ်ကိုမလုပ်ဘူး။

၎င်းနည်းလမ်းက တော်တော်ချုပ်ချယ်တယ်လို့ပြောလို့ရသော်ငြား အနည်းဆုံးတော့ အန္တရာယ်တွေအများကြီးကို ရှောင်ရှားနိုင်တယ်လေ။

ချန်ချင်းအထက်တန်းကျောင်းက ဘော်ဒါကျောင်း... ဘော်ဒါကျောင်းတွေရဲ့ သဘောသဘာဝအတိုင်း ကျောင်းသားတွေကိုစီမံအုပ်ချုပ်တဲ့နေရာမှာ ပိုပြီးတင်းကျပ်သည်... အထူးသဖြင့် ကျောင်းသားတွေရဲ့ သွားလာမှုနဲ့လုံခြုံရေးကို ပိုပြီးဂရုစိုက်ထားသည်။

ထိုသို့တင်းကျပ်တဲ့အခြေအနေတွေမှာတောင် ဖူယွမ်အာက ပျောက်ဆုံးသွားခဲ့ပြီး ထိုပျောက်ဆုံးမှုက အဲ့အချိန်တုန်းက ကျောင်းတိုးချဲ့သည့်ကိစ္စနှင့် ဆက်စပ်မှုရှိနေသည်။

ကျောင်းကတိုးချဲ့ဖို့လုပ်ငန်းစတာနဲ့ ကျောင်းထဲမှာ သူစိမ်းတွေအမြဲ ဝင်လိုက်ထွက်လိုက် ဖြစ်တော့သည်။ ထိုအလုပ်သမားတွေက အရမ်းအလုပ်များနေကြပြီး တိုးချဲ့မှုကြောင့် ကျောင်းအခြေအနေကလည်း ဝရုန်းသုန်းကားဖြစ်နေခဲ့သည်။ တချို့လူတွေက အဲ့အခြေအနေကိုအခွင့်ကောင်းယူပြီး
ကျောင်းကတားမြစ်ထားသည့်ဟာတွေကို လုပ်လာကြသည်။

ကျောင်းကလည်းအလုပ်ရှုပ်နေတာမလို့ အဲ့လို စည်းကမ်းဖောက်ဖျက်မှုအများစုကို လူတွေသတိမထားမိကြဘူး။

'' မင်းတို့သတိထားမိကြလား '' ကျန်းလော့  ပြိုင်ပွဲမတိုင်ခင် ဝန်ထမ်းပြောသွားတဲ့စကားကို သေသေချာချာ ပြန်စဥ်းစားနေသည်
'' ငါတို့လုပ်ရမှာသုံးခုရှိတယ်... ပထမတစ်ခုက ပျောက်ဆုံးနေတဲ့မိန်းကလေးကို ရှာရမယ်။ ဒုတိယက အလုပ်သမားတွေသေဆုံးမှု ရဲ့အကြောင်းအရင်း ၊ တတိယက အဲ့နှစ်တွေမှာ ဘာတွေဖြစ်ပျက်ခဲ့လဲကို စုံစမ်းရမှာ ''

This Damned Thirst for Survial[Myanmar Translation]Where stories live. Discover now