Chapter 37

632 138 5
                                    

Unicode

Ch-37

မင်းတစ်ယောက်ယောက်ကိုအရမ်းချစ်မိသွားတာနဲ့ ဘာလို့အပြုစားခံနေရပြီလို့သံသယဝင်ရတာလဲ?

ကျန်းလော့စိတ်ဝင်စားသွားသည်။
'' မိန်းကလေးပိုင်... မင်းဘာလို့အဲ့လိုထင်ရတာလဲ? ''

ပိုင်ချိုး၏မျက်လုံးထဲတွင်အလွန်ကြောက်ရွံနေသည့်အရိပ်အယောင်တွေပြည့်နှက်နေ၏။ သူမဟာစိတ်လှုပ်ရှားမှုကြောင့် လက်ထဲကအိတ်ကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။ အရည်အချင်းကောင်းသည့်သားရေအိတ်က သူမလက်သည်းတွေနဲ့ကုတ်ခြစ်မိသွားသည်။
'' အဲ့လိုကိစ္စမျိုးကိုကျွန်မလုံးဝလုပ်မှာမဟုတ်လို့ပါ ''

'' အဲ့ဒီလူက...ကျွန်မ့အေးဂျင့်ပါ '' ပိုင်ချိုးကပြောသည်။ '' သူကကျွန်မနဲ့အတူတူရှိနေခဲ့တာ ရှစ်နှစ်တောင်ရှိပါပြီ။ သူကျွန်မကိုကြိုက်နေတယ်ဆိုတာကျွန်မသိပါတယ်...ဒါမဲ့ ကျွန်မသူ့အပေါ်မှာဘာခံစားချက်မှမရှိပါဘူး။
ကျွန်မသဘောကျတဲ့ပုံစံသတ်မှတ်ချက်ကအမြဲတမ်းတိကျသေချာနေခဲ့တာပါ။ ပြီးတော့ ကျွန်မ့အေးဂျင့်က... သူ့ပုံစံနဲ့ကျွန်မ့သတ်မှတ်ချက်ကလုံးဝအကွာကြီးပါ ''

ပိုင်ချိုးသည်ပြောရင်း သွားချင်းရိုက်ကာ
တဆတ်ဆတ်တုန်လာပြီး သူမ့ကိုယ်သူမ သံသယများနေသည့်ဝဲဂယက်ထဲသို့ လဲပြိုကျသွား၏။ '' ကျွန်မ့ရည်မှန်းချက်ကဘယ်တုန်းကမှသေးသေးမွှားမွှားလေးမဟုတ်ခဲ့ပါဘူး။ အမှန်အတိုင်းဝန်ခံရရင် ကျွန်မနာမည်ကြီးဖို့နဲ့ပိုက်ဆံအများကြီးရဖို့အတွက် အနုပညာလောကထဲကိုဝင်လာခဲ့တာပါ။ ကျွန်မကအကောင်းဆုံးအမျိုးသမီးဇာတ်လိုက်ဆုတောင်မရသေးတဲ့ဟာကို... ပြီးတော့ တစ်နှစ်လောက်ကြိုးစားပမ်းစားရိုက်ခဲ့ရတဲ့ဇာတ်ကားတောင် မထုတ်လွှင့်ရသေးတဲ့ဟာကို... ကျွန်မ..ကျွန်မကဘာလို့အနုပညာအလုပ်ကိုစွန့်လွှတ်ချင်ရမှာလဲလို့? ''

'' ဒါပေမဲ့ ကျွန်မကအောက်ကျို့ခံပြီးအလျော့ပေးသလိုပဲ '' ပိုင်ချိုးသည်စိတ်ပျက်လက်ပျက်ဖြင့် မျက်နှာကိုလက်ဖြင့်အုပ်ကာ တရှုံ့ရှုံ့ငိုတော့သည်။ '' ဒီအလုပ်ကိုစွန့်လွှတ်ပစ်ဖို့ကျွန်မဘယ်လိုတွေးမိခဲ့တာတုန်း? ဘယ်လိုလုပ်သူပြောသမျှကိုခွေးတစ်ကောင်လိုလိုက်လုပ်မိနေရတာလဲ? ''

This Damned Thirst for Survial[Myanmar Translation]Where stories live. Discover now