Chapter 38

608 124 3
                                    

Unicode

Ch-38

သီးသန့်ခန်းအလွတ်ထဲမှာမီးတွေမှိတ်ထားပြီး စားပွဲတွေခုံတွေရှိတဲ့နေရာကလည်းမှောင်မဲနေ၏။ အမည်းရောင်မြူခိုးက ကျန်းလော့ရဲ့
ဆံချည်မျှင်တစ်မျှင်၊ လက်ချောင်းတစ်ချောင်းတောင်မပေါ်စေဘဲ ခေါင်းကနေခြေတစ်ဆုံးဖုံးလွှမ်းထားသည်။

အမည်းရောင်မြူခိုးကကျန်းလော့ကိုမလှုပ်နိုင်အောင်နံရံမှာဖိချုပ်ထားတယ်။

အမည်းရောင်မြူခိုးက သူ့လက်နှစ်ဖက်ကိုအတင်းအကျပ်ခေါင်းပေါ်မြှောက်ထားကာ ချုပ်နှောင်ထားပြီး သူ့ခြေထောက်တွေကကြမ်းပြင်ပေါ်ခြေဖျားထောက်ထားရသည်။
ကျန်းလော့သူ့လက်တွေကိုမော့ကြည့်ရင်း
မမြင်ရတဲ့အချုပ်အနှောင်ကနေလွတ်မြောက်ဖို့ အတင်းရုန်းလိုက်သည်။

ရုန်းကန်မှုကြောင့်လက်ဖမိုးကသွေးကြောတွေထင်းလာပြီး အမည်းရောင်မြူခိုးနောက်ခံနှင့်ယှဥ်လိုက်တဲ့အခါ ညှို့ဓာတ်အနည်းငယ်ရှိနေကာဆွဲဆောင်မှုရှိသည့်ပုံပေါ်လာ၏။

အမည်းရောင်မြူခိုးသည်တဖြည်းဖြည်းနှင့်လူပုံသဏ္ဍာန်အသွင်ပြောင်းလာပြီး မြူခိုးထဲမှ စိမ်းဖန့်ဖန့် ၊ သွယ်လျလျလက်ချောင်းတွေထွက်လာပြီး ကျန်းလော့ရဲ့လက်ချောင်းတွေကိုဖွဖွလေးလာထိကိုင်သည်။

အသက်ကင်းမဲ့နေတဲ့တစ္ဆေလက်က ကျန်းလော့ရဲ့လက်ချောင်းထိပ်တွေကနေ လက်ဖျံကသွေးကြောစိမ်းလေးတွေကိုပွတ်ဆွဲသွားကာ ထိုမှတဆင့်ကျန်းလော့ရဲ့နှုတ်ခမ်းဆီကျီစယ်ဟန်ဖြင့်ရောက်သွားပြီး နောက်ဆုံးကျန်းလော့မေးစေ့ကိုကြမ်းကြမ်းတမ်းတမ်းဖမ်းဆုပ်လိုက်၏။

ကျန်းလော့နာကျင်မှုကြောင့်ညည်းမိလိုက်ပြီး သူ့ခြေထောက်ကိုမြှောက်ကာရှေ့တည့်တည့်ကိုကန်ထည့်လိုက်တယ်။

သို့သော် မကောင်းဆိုးဝါးဝိညာဥ်ကသူ့ခြေထောက်ကိုတားလိုက်သည်။

ကွေးထားတဲ့ခြေထောက်ကိုနောက်ထပ်အမည်းရောင်မြူခိုးတစ်ခုကရစ်ပတ်ထားကာ လေထဲမှာတန်းလန်းကြီးဖြစ်နေသည်။  နောက်ထပ်ဖြူဖျော့ဖျော့လက်တစ်ဖက်က အဲ့ခြေထောက်ပေါ်ရောက်လာပြီး ဒူးခေါင်းကနေ
ပေါင်ဆီသို့တဖြည်းဖြည်းနဲ့ရွေ့လာသည်။

This Damned Thirst for Survial[Myanmar Translation]Where stories live. Discover now