Chapter 20

1.2K 261 6
                                    

Unicode

Ch-20

သူမထင်ထားခဲ့ဘူး... သူလုံးဝကို မထင်ထားခဲ့ဘူး။

သူရထားတဲ့အချက်အလက်တွေကြောင့် ကျန်းလော့ ပိုင်ယဲ့ဖုန်းအပေါ် သံသယမဝင်တော့ဘူးလို့ တွေးပြီးကာမှ တိုက်တိုက်ဆိုင်ဆိုင်ပဲ တစ်ဖက်လူရဲ့အယောင်ဆောင်ကာဗာကို ချွတ်ပစ်လိုက်နိုင်မယ်လို့ သူဘယ်ထင်ထားပါ့မလဲ။

ဒီရှာဖွေတွေ့ရှိမှုကြောင့် ကျန်းလော့ရဲ့စိတ်အခြေအနေက ချက်ချင်းဆိုသလို ကောင်းမွန်သွားသည်။

သူရဲ့အရမ်းကိုပြုံးဖြီးဖြီးဖြစ်နေတဲ့စိတ်ကို
ထိန်းလိုက်ကာ လက်ကပြာမှုန့်တွေကို သုတ်ပစ်လိုက်သည်။ သူ့လက်သုတ်လို့ပြီးတဲ့အချိန်မှာပဲ ရွှီယန်ကအပြင်ကနေ ပြန်ရောက်လာသည်။

ရွှီယန်ဘယ်ကိုသွားလဲ သူမသိပေမယ့် ဖိနပ်မှာတော့ ရွံ့တွေပေနေသည်။ ကျန်းလော့ သူ့ကိုကြည့်လိုက်တော့ ရွှီယန်က သူ့ကိုသတိထားနေဟန်ဖြင့် ပြန်စိုက်ကြည့်သည်။

ကျန်းလော့ ပြုံးကာ '' မင်းပြန်ရောက်လာပြီလား...?။ ခဏနေကျရင် မိုးရွာတော့မှာ ''

ဆိုရိုးစကားတစ်ခုရှိတယ်... ပြုံးနေတဲ့သူကို လက်ပါလို့မရဘူးတဲ့... ကျန်းလော့ရဲ့အပြုံးက သိပ်လှနေတဲ့အပြင် သူ့စကားလုံးတွေကလည်း ရင့်သီးနေတာမျိုးမရှိတာမို့ သူတို့နှစ်ယောက်ကြားက အနည်းငယ်စိမ်းကားနေသည့်လေထုက အသာလေးပျောက်ကွယ်သွားသည်။ ရွှီယန်လည်း ရှက်သွားပြီး သူ့ကိုနောက်တစ်ခေါက်မကြည့်တော့ဘဲ '' အင်း '' လို့ပဲ ခပ်တောင့်တောင့် ပြန်ဖြေသည်။

ကျန်းလော့ဓာတ်ဘူးကိုယူလိုက်ပြီး ရေနှစ်ခွက်ဖြည့်လိုက်ကာ သဘာဝကျကျပင် '' ထိုင်လေ... ဘာလို့မတ်တပ်ရပ်နေတာလဲ ''

ရွှီယန်က တစ်ခဏလောက် တွေဝေနေပြီးမှ စားပွဲဆီလျှောက်လာပြီး လာထိုင်သည်။

ကျန်းလော့လည်းထိုင်လိုက်ပြီး သူ့ကိုအပြုံးမျက်နှာလေးဖြင့်ကြည့်လိုက်သည်။ သူ၏အနက်ရောင်ဆံနွယ်တွေကို ခဲရောင်တဘတ်ဖြင့်အုပ်ထားသည်... မျက်နှာလေးကဖြူဥနေပြီး  မျက်ခုံးတွေကရှည်လျားကာ အနက်ရောင်တောက်နေ၏... မျက်ဝန်းလေးတွေက မင်ရည်ဖြင့်တို့ထိထားသကဲ့သို့ ကြည်လင်နေကာ နှုတ်ခမ်းသားက အပန်းရောင်ဖျော့ဖျော့လေးသန်းနေသည်။ ရုတ်တရတ်ကြည့်လိုက်ရင် ခေါင်းပေါင်းဝတ်ထားစရာထင်ရပြီး လူမျိုးစုတစ်ခုခု၏ အလှလေးနှင့်တူသည်။

This Damned Thirst for Survial[Myanmar Translation]Where stories live. Discover now