Chapter 26

831 197 15
                                    

Unicode

Ch-26

ပြိုင်ပွဲမပြီးဆုံးခင် အချိန်သုံးနာရီတောင်ကျန်နေသေးသည်... ဒါပေမယ့် ကျန်းလော့အဖြေအပ်ဖို့အလျင်မလိုပေ။

မကောင်းဆိုးဝါးဝိညာဥ်ကိုလှည့်စားလိုက်နိုင်ပြီးတဲ့နောက် စိတ်လှုပ်ရှားမှုကိုဖုံးဖိကာ ရေကူးကန်ထဲကနေ ရှောင်ဖန်ကိုဆွဲယူနေသည့် ယဲ့ရွှင်နားသွားလိုက်သည်။

ရှောင်ဖန်က ကိုယ်အတွင်းပိုင်းကဂွမ်းတွေတောင်ပေါ်နေပြီ။ ဂွမ်းတွေကရေစိမ်ခံထားရပြီး ဓားထက်ထက်ဖြင့်ဆွဲဖြဲခံထားရပုံပေါ်ကာ သနားစရာကောင်းလှသည်။

ကျန်းလော့နဲ့ရှောင်ဖန်က တစ်ချိန်တုန်းက အတူတူလက်တွဲပြီး Sphinx ကိုရင်ဆိုင်ခဲ့ကြသည်... ပြီးတော့ ယဲ့ရွှင်အတွက် ရှောင်ဖန်ကဘယ်လောက်အရေးကြီးလဲဆိုတာကိုလဲ ကျန်းလော့ ခပ်ရေးရေးသဘောပေါက်သည်။
သူတစ်ခဏလောက်တိတ်ဆိတ်နေပြီးတော့မှ စိတ်ပူစွာမေးလိုက်သည် '' ရှောင်ဖန်အဆင်ပြေရဲ့လား? ''

ယဲ့ရွှင် ထက်ဝက်ဖြဲခံလိုက်ရသည့်ယုန်ရုပ်ကို တိတ်တဆိတ်ကြည့်နေရင်း မျက်လုံးတွေနီရဲလာသည်။ အခုလေးတင် ရေကန်ထဲကိုဆင်းပြီး ရှောင်ဖန်ကိုယူပေးတဲ့ကွမ်ကျန်းက ကိုယ်ပေါ်ကရေတွေကိုညှစ်ထုတ်နေသည်။ ဝမ်ရန်လန်က သူ့ကိုရေကူးကန်တဘက်အကြီးတစ်ထည်ကိုကမ်းပေးလိုက်ကာ မျက်နှာထက်တွင် စိတ်ပူနေသည့်အကြည့်ရှိနေသည်
'' မင်းပြန်ပြင်လို့ရလား? ''

ကွမ်ကျန်း သူ့ကိုယ်သူသေချာတောင်မသုတ်နိုင်ဘဲ ရှောင်ဖန်နားကိုမြန်မြန်သွားလိုက်ပြီး
ဘေးနားမှာထိုင်ချလိုက်သည်။ လက်နက်ဖန်တီးသူက သူလုပ်ခဲ့တဲ့လက်နက်တွေကိုအာရုံခံနိုင်သည့် ထူးခြားသောစွမ်းရည်ရှိသည်။ ထပ်စစ်ဆေးကြည့်လိုက်တဲ့အခါ သူ့မျက်နှာကအနည်းငယ်စိတ်သက်သာရာရသွားသည်။

'' ပြန်ပြင်လို့ရပါတယ် ''

ယဲ့ရွှင်က စကားတစ်ခွန်းမှမဆိုဘဲ သူ့ကိုဖြတ်ခနဲလှမ်းကြည့်လိုက်သည်... သို့သော် သူစိတ်လှုပ်ရှားနေမှန်း အတိုင်းသားမြင်နေရသည်။

'' ဒါပေမယ့် ငါအထူးပစ္စည်းတစ်ခုလိုတယ် '' လူတိုင်းသူ့ကိုကြည့်နေတာကြောင့် ကွမ်ကျန်းသတိထားကာပြောသည် '' ကျိန်စာသင့်အရုပ်ထဲ ထည့်မှာကိုလက်ခံတဲ့ အငြိုးကြီးဝိညာဥ်ကိုလိုတယ်။ အငြိုးကြီးဝိညာဥ်တွေမှာ
ပြင်းထန်တဲ့နာကျည်းမှုတွေပိုင်ဆိုင်ထားတာမို့ အရုပ်ရဲ့စွမ်းအားတွေကို အားဖြည့်ပေးနိုင်သည်။

This Damned Thirst for Survial[Myanmar Translation]Where stories live. Discover now