Chapter 33

715 165 8
                                    

Unicode

Ch-33

ထိုစကားလုံးနဲ့တင် ကျန်းလော့သည် မကောင်းဆိုးဝါးဝိညာဥ်ကို လုံးဝစိတ်လှုပ်ရှားသွားအောင်လုပ်လိုက်နိုင်သည်။

ကျန်းလော့မကောင်းဆိုးဝါးဝိညာဥ်အား သရော်ပြုံးပြုံးပြလိုက်ကာ သူ့အရှေ့တွင်ညာဘက်လက်ထုတ်လိုက်သည်။ အဲ့နောက် သူ့ညာဘက်လက်ကနေ တစ်စုံတစ်ခုထွက်လာပြီး မကောင်းဆိုးဝါးဝိညာဥ်ကို အရှိန်ဖြင့်ထိမှန်သွား၏။

'' !အုံး!! '' မြစ်ရေအောက်ခြေသည်ကြမ်းတမ်းစွာလှုပ်ယမ်းသွားပြီး ရေမျက်နှာပြင်သည်လှိုင်းထသွားကာ မြစ်ရေတွေအများကြီးကမ်းစပ်ပေါ်သို့ တစ်ဟုန်ထိုးတိုးတက်သွားပြီး မြင့်မားသည့်အပင်ကြီးတွေကိုပါ ရေတွေဖုံးလွှမ်းသွားသည်။

ထိုစဥ် ရေပေါက်ကွဲသံကြီးကရုတ်တရတ်ပေါ်ထွက်လာပြီး မကောင်းဆိုးဝါးဝိညာဥ်သည် ပြင်းထန်လှသောရေလှိုင်းဖြင့် ကမ်းစပ်ပေါ်သို့ရောက်အောင်အရိုက်ခံလိုက်ရသည်။ ချီယုံ့တစ်ကိုယ်လုံးရေတွေစိုရွဲလျက် ကမ်းစပ်ပေါ်ကိုဖြေးဖြေးလေးကျသွားပေမယ့် စိတ်အခြေအနေကတော့မကောင်းပေ။

ချီယုံ့ ရှပ်အင်္ကျီလက်တွေကိုဖြောင့်သွားအောင် ဆန့်လိုက်ပြီး ရေထဲသို့ကြည့်လိုက်သည်။

ကျန်းလော့ကရေထဲကနေထိုးထွက်လာပြီး
အံ့သြစရာကောင်းလောက်အောင် ရေပေါ်တွင်လမ်းလျှောက်လာသည်။ သူ့ခြေထောက်အောက်,ရေလှိုင်းထဲကြားထဲတွင် ရွှေရောင်မန္တန်အစွမ်းတွေက တဖျပ်ဖျပ်တောက်ပလျက်ရှိနေသည်။ ထိုမန္တန်ကနေရွှေရောင်စပါးအုံးမြွေအဖြစ်အသွင်ပြောင်းသွားသည်။ ကျန်းလော့မြေပြင်ပေါ်သို့ခြေချလိုက်သည့်အခါ ရွှေရောင်စပါးအုံးမြွေကရေထဲကနေထိုးထွက်လာကာ လေထဲတွင်သူ့ခန္ဓာကိုယ်ကိုသူပြန်ရစ်ပတ်ထားသည်။

စပါးအုံးမြွေ၏သွားတွေကချွန်ထက်နေ၏။
သူ့ကိုမန္တန်က​နေဆင့်ခေါ်ထားတာဆိုပေမယ့် တကယ့်အစစ်အတိုင်း ကြောက်စရာကောင်းပြီးရက်စက်ကြမ်းကြုတ်သည့်ပုံပေါ်သည်။ ကျန်းလော့ သူရဲ့အနက်ရောင်ဆံနွယ်တွေက ရေတွေတတောက်တောက်ကျနေလျက် နှုတ်ခမ်းထောင့်ကိုကွေးညွှတ်လိုက်တဲ့ပုံစံသည် ကိုးရို့ကိုးယားဆန်နေသော်လည်း ရန်လိုနေသည့်အရှိန်အဝါရှိနေသည်။

This Damned Thirst for Survial[Myanmar Translation]Where stories live. Discover now