Chapter 50

273 50 1
                                    

Unicode

Ch-50

ရှင်းရှင်းပြောရရင် အဲ့ဒီအရာကဖြူနီသရဲနှစ်ကောင်ပဲ။

ဖြူနီသရဲနှစ်ကောင်သည် မြောင်ရှန်တောင်တွင်အလွန်အန္တရာယ်များပြီး ကြုံတွေ့ဖို့ခဲယဥ်းလှသောတားမြစ်နည်းပညာဖြစ်၏။ တိကျသောအချိန် ၊သေချာသတ်မှတ်ထားသည့်တည်နေရာ၌သာလျှင် အနီရောင်သရဲနှင့်အဖြူရောင်သရဲတို့ထိပ်တိုက်တွေ့မိတာကို ကြုံတွေ့နိုင်မှာဖြစ်သည်။

အနီရောင်သရဲသည်မင်္ဂလာဆောင်မည့်နေ့တွင် သေဆုံးသွားသည့်သတို့သမီးလောင်းကိုဆိုလိုသည်။ သတို့သမီးလောင်းသည်ရဲရဲတောက်အနီရောင်ဝတ်စုံကို ဆင်မြန်းလျက်သေဆုံးသွားတာကြောင့် အငြိုးအတေးကြီးသည်။ အဖြူရောင်သရဲဟူသည် မြေပြင်ပေါ်တွင်သွားလာနိုင်လောက်တဲ့အထိ ကျင့်ကြံစွမ်းမြင့်မားသည့်ရေသရဲကိုဆိုလိုတာဖြစ်ပြီး သူကမတော်တဆသေဆုံးသွားခဲ့သည့်လူငယ်တစ်ယောက်၏အခေါင်းကိုယူဆောင်လာတာဖြစ်သည်။

တစ်ခုကစျာပန ၊တခြားတစ်ခုကမင်္ဂလာကိစ္စ... သရဲနှစ်ကောင်ကအချင်းချင်းထိပ်တိုက်တွေ့ကြပြီး ဘယ်ဘက်ကမှနောက်ဆုတ်ပေးလိုစိတ်မရှိကြချေ။

စာအုပ်တွေထဲမှာ 'ဖြူနီသရဲနှစ်ကောင်'ဆိုတဲ့အကြောင်းကိုကျန်းလော့ဖတ်ဖူးသည်။ အကယ်၍ အဲ့ဒီဖြူနီသရဲနှစ်ကောင်ကိုမြင်တွေ့ချင်တယ်ဆိုရင် ရှုပ်ထွေးပြီးထူးခြားတဲ့ဖုန်းရွှေအစီအရင်ကိုလိုအပ်သည်။ ၎င်းမင်္ဂလာလမ်းကြောင်းနှင့်စျာပနလမ်းကြောင်းနှစ်ခုထိပ်တိုက်တွေ့တွေ့ချင်းမှာ အကယ်၍အဲ့ဒီလမ်းကြောင်းထဲရောပါသွားခဲ့လျှင် စွမ်းအားမရှိတဲ့သူတွေကတော့ သေဖို့ကိုသာစောင့်နေရတော့မယ်။

လုယုံ့ရီကကူကယ်ရာမဲ့နေတဲ့ပုံစံဖြင့်ပြောသည်။ '' ငါတစ်ယောက်တည်းဆိုတော့ ဘာလုပ်ရမလဲမသိဘူးလေ။ ဒါမဲ့ မင်းတို့သာငါနဲ့အတူရှိနေရင် ငါမကြောက်တော့ဘူးလေ ''

သူတို့တွေသူ့ကိုကြည့်လိုက်တိုင်း လက်တွေယားနေတုန်းပဲဆိုပေမယ့် ရောက်တောင်ရောက်လာပြီးမှတော့ သူတို့အုပ်စုလည်းလက်ရှိအခြေအနေကိုလက်ခံလိုက်ရတော့သည်။

This Damned Thirst for Survial[Myanmar Translation]Where stories live. Discover now