Chapter 2

1.8K 315 15
                                    

Unicode

Ch-2

လမ်းတလျှောက်မှာ ကားဒရိုင်ဘာ အပါအဝင်လူငယ်အဖော်နှစ်ယောက်က  တကယ့်ကိုကြီးမားပြီး ခံစားချက်တွေ မြင့်ချည်နိမ့်ချည် ဖြစ်လောက်တဲ့ ကမ္ဘာကြီးသိမ့်သိမ့်တုန်သွားနိုင်တဲ့ ရင်နင့်ဖွယ်အချစ်ဇာတ်လမ်းလေးကို နားထောင်နေကြတယ်။

ကျန်းလော့ အလုပ်လုပ်ခဲ့တဲ့အချိန်တုန်းက နေ့တိုင်း ဖောက်သည်တွေ စကားပြောတာကိုနားထောင်ပေးရတယ် သူ့အကြံညဏ်ကိုလဲ ထုတ်မပြောရဲခဲ့ဘူး။ တချို့ဖောက်သည်တွေရဲ့ ဘဝတွေဆို တီဗီဒရာမာတွေထပ်တောင် ပိုပြီးခွေးသွေးဒရာမာ ပိုဆန်သေးတယ်။ သူ့အပြောကောင်းတာကလဲ အဲ့လိုဖောက်သည်တွေနဲ့ ပြောရင်းဆိုရင်းနဲ့ ဖြစ်လာတာ။ တီဗီဒရာမာတွေနဲ့ သူ့ဖောက်သည်တွေရဲ့အကြောင်းကို ပေါင်းစပ်ပြီးတော့ ပြီးပြည့်စုံတဲ့ ဇာတ်လမ်းလေးတပုဒ်ကို ကျန်းလော့ ဖန်တီးလိုက်ပြီး စတင်ဒရာမာ ချိုးတော့တယ်။

မင်းငါ့ကိုချစ်တယ်လို့ပြောတုန်းက ငါမင်းကိုမချစ်ဘူး။ မင်းငါ့ကို ဖွင့်ပြောလိုက်တော့ ငါစိတ်အနှောင့်အယှက် ဖြစ်ခဲ့​တယ်။ မင်းသေသွားတော့မှ ငါမင်းကိုချစ်နေမှန်းသိခဲ့ရတယ်။ ဇာတ်လမ်းတခုလုံးက ဝမ်းနည်းဝမ်းသာ ချိုမြိန်နေပြီး စိတ်ထိခိုက်ဖွယ်ပဲ။ crosstalk*ကိုနားထောင်နေတဲ့ ဒရိုင်ဘာဦးလေးကြီးတောင်မှ တိတ်တိတ်လေး crosstalk ကို ပိတ်လိုက်ပြီး ကျန်းလော့ရဲ့ဇာတ်လမ်းအကြောင်းကို နားစွင့်နေတယ်။ (*crosstalk = တရုတ်ဟာသပြဇာတ်လိုမျိုးပါ တယောက်နဲ့တယောက် စကားအချေအတင် ပြောတာ ဒါမှမဟုတ် တယောက်တည်း ပြောတာမျိုး)

'' ...ချီယုံ့က ငါတို့ကျောင်းမှာ လက်ထောက် ဆရာအဖြစ် အလုပ်လုပ်နေတဲ့အချိန်တုန်းက အတန်းပြီးတာနဲ့ ငါ့ကို လေ့ကျင့်ခန်းတွေ ပြန်နွေးပေးဖို့ဆိုပြီး သူ့ရုံးခန်းထဲကို ခေါ်တယ် ပြီးရင် ကျောင်းဝန်းထဲကို လိုက်ပြပေးတယ် ပြောတာတော့ ငါရဲ့ဖုန်းရွှေကို မြင်နိုင်တဲ့အရည်အချင်းကို လေ့ကျင့်ပေးတာတဲ့။ ဒါပေမဲ့ သူတမင်သက်သက် ငါ့ကိုအရှက်ခွဲနေတာလို့ ငါထင်ခဲ့တာ '' ကျန်းလော့ နောက်ကိုမှီထိုင်လိုက်တော့ သူ့တကိုယ်လုံးက အရိပ်ထဲကိုရောက်သွားပြီး သူရဲ့ဖြူဥနေတဲ့မျက်နှာက လွမ်းဆွေးမှုအပြည့်နဲ့ဆက်ပြောတယ်
'' အဲ့နေ့က... သူငါ့ကိုဖွင့်ပြောတယ် ငါလှည့်ထွက်လာခဲ့တာ... ဘယ်သူသိမှာလဲ ငါလဲထွက်သွားပြီးရော သူသေသွားမယ်ဆိုတာ ''

This Damned Thirst for Survial[Myanmar Translation]Where stories live. Discover now