Chapter 34

692 155 3
                                    

Unicode

Ch-34

ဆံပင်၏အရင်းကနေအဖျားအထိ စင်းလုံးချောဖြူဖွေးနေပြီး ဆံသဆိုင်တွေမှာတွေ့ရတတ်တဲ့ အဖြူရောင်ဆံပင်ဆိုးဆေးတွေထက်တောင် ပို၍သဘာဝကျကာလှပနေ၏။

ကျန်းလော့ မှန်ထဲရှိအနက်ရောင်ဆံနွယ်လူငယ်လေးနှင့်အကြည့်ချင်းဆုံသွားကာ မျက်ခုံးနှစ်ခုထိလုနီးပါး မျက်မှောင်ကြုတ်လိုက်မိသည်။

ကောကျူသည်သူ့ကိုကြည့်ပြီး ထူးထူးဆန်းဆန်းချီးကျူးလိုက်သည် '' လှသားပဲ ''

လုယုံ့ရီကလည်းရှေ့တိုးကြည့်ကာ '' ကျန်းလော့... မင်းဒီနေ့ဆံပင်ဆေးဆိုးဖို့ အပြင်ထွက်သွားတာလား? မင်းဒီလောက်ပိစိလေးဆိုးထားတော့ သေချာမကြည့်ရင်မမြင်ရဘူးကွ။ ဒါမဲ့ ကြည့်ရတာတော့မိုက်တယ် ''

ကျန်းလော့သူ့အနက်ရောင်ဆံပင်တွေထဲက အဖြူရောင်ဆံချည်မျှင်တွေကို တိတ်တဆိတ်ရွေးယူလိုက်သည်။ လုယုံ့ရီပြောသလိုပဲ ဒီအဖြူရောင်ဆံချည်မျှင်တွေက သူ့ဆံပင်မှာအလှဆင်ထားသကဲ့သို့ အဖြူရောင်ပုလဲလုံးလေးတွေလို တွဲလောင်းကျနေသည်။ ၎င်းအေးစက်မှုကသူ့အလှကိုလျော့ကျသွားစေသည်။ ပုံစံကကြည့်ရတာလှပေမယ့် ကျန်းလော့ကတော့အတော်လေးစိတ်မသက်မသာခံစားရသည်။

တစ္ဆေဝိညာဥ်တွေက အသက်စွမ်းအင်ကိုလုယူခံလိုက်ရတယ်ဆိုတာက အသက်စွမ်းအင်နဲ့ငယ်ရွယ်မှုကိုလုယူသွားတာဖြစ်၏။ ဒီဆံချည်မျှင်တွေကဆက်ရှည်လာမှာပဲ... ဒါပေမဲ့ ဘယ်လောက်ပဲရှည်လာလာ
အသက်ကြီးရင့်နေပြီဖြစ်သည့်အခြေအနေထဲကို ခြေတစ်လှမ်းကြိုရောက်နေသလိုမျိုး အဲ့ဆံချည်မျှင်တွေကအမြဲတမ်းဖြူဖွေးနေတော့မှာဖြစ်သည်။

တစ်ညလုံးတွေပုံကြမ်းတွေထိုင်ဆွဲနေတတ်တဲ့ ဒီဇိုင်နာတစ်ယောက်အနေနဲ့ ဆံပင်ထက်အရေးကြီးတာဘာမှမရှိဘူး။ အကယ်၍ မကောင်းဆိုးဝါးဝိညာဥ်သာ အခုသူ့ရှေ့မှာမတ်တပ်ရပ်နေလို့ကတော့ ကျန်းလော့ ချီယုံ့ရဲ့ချောမောလှတဲ့မျက်ခွက်ကြီးကို ဆွဲထိုးပစ်လိုက်မှာဖြစ်သည်။

ကျန်းလော့ သုန်မှုန်နေသည့်မျက်နှာဖြင့် ဆံပင်ဖြူတွေကို ဆံပင်အနက်ထဲထိုးထည့်ပြီး ဖုံးလိုက်သည်။ ကံကောင်းလို့ သူရဲ့ဆံပင်အနည်းငယ်လောက်ပဲ အသက်စွမ်းအင်ပါသွားတာ... အဲ့လိုမဟုတ်ဘဲ တစ်ခေါင်းလုံးသာဖြူသွားရင် ကြည့်ကောင်းတာထက် လူထူးလူဆန်းပုံပေါက်သွားလိမ့်မည်။

This Damned Thirst for Survial[Myanmar Translation]Where stories live. Discover now