Chapter 11

1.3K 330 10
                                    

Unicode

Ch-11

သေဆုံးပြီးခုနှစ်ရက်ပြည့်တဲ့နေ့မှာ သေဆုံးသွားသူတွေရဲ့ ဝိညာဥ်တွေက ပြန်ရောက်လာကြသည်။ 

ထိုနေ့၌ ကျန်းလော့ဟာ ထင်ထားထက်ပိုပြီး တည်ငြိမ်နေခဲ့သည်။ 

ချီယုံ့ တဖြည်းဖြည်းနဲ့ အင်အားကြီးလာတာကို သူတားဆီးနိုင်ပါ့မလား။ 

ကျန်းလော့ကတော့ ချီယုံ့နဲ့ယှဥ်ရင် သူ့မှာ ချို့တဲ့နေတာ ဘာမှမရှိဘူးလို့ ထင်သည်။ သူ့မှာ မူလပိုင်ရှင်မှာ မရှိတဲ့အရည်အချင်းလည်း ရှိသည်... ထူးခြားပြောင်မြောင်တဲ့အရည်အချင်းပဲ။ ကံကောင်းစွာနဲ့ ချီယုံ့ရဲ့ ပထမဆုံးခုနှစ်ရက်ပြည့်တဲ့နေ့မတိုင်ခင်မှာ ချီယုံ့ကို ရင်ဆိုင်ဖို့ နည်းလမ်းရှာတွေ့လိုက်ပြီ။ 

သူ့ကိုယ်ကို လှည့်လိုက်ပြီး ဗီရိုဆီ သွားလိုက်တယ်။ အရောင်တောက်တောက် အဝတ်အစားတွေကို ကျော်သွားကာ အနက်ရောင်အဝတ်တွေဆီ လက်လှမ်းလိုက်သည်။

ကျန်းလော့ အနက်ရောင်အင်္ကျီနဲ့ ဘောင်းဘီကို ကျကျနန လဲဝတ်လိုက်ပြီး သရေကွင်းရှာတွေ့တာနဲ့ သူရဲ့ ပခုံးထိကျနေတဲ့ဆံပင်ရှည်တွေကို စည်းလိုက်သည်။ သူ့နားသယ်စပ်ကနေ ဆံချည်မျှင်အချို့ကျနေကာ သူ့ပါးပြင်နှစ်ဖက်တွင် ကပို့ကရို့ဖြင့် ဝဲနေသည်က အလွန်ကြည့်ကောင်းသည်။ 

သူ့ပုံစံက ကြောက်ရွံ့နေတာမျိုး ရှိမနေဘူး... ကြောက်ရွံ့မနေတဲ့အပြင် အနည်းငယ် စိတ်အားထက်သန်နေသည့်ပုံပေါ်၏။

အမှန်တရားကခါးသည်။ အကယ်၍ ကျန်းလော့သာ စိတ်လှုပ်ရှားစရာတွေ 
ကြောက်လန့်စရာတွေကိုသာ မကြိုက်ခဲ့ရင် 'နတ်ဆိုး' ဝတ္ထုကို ရှာတွေ့ခဲ့မှာ မဟုတ်သလို အဲ့ဝတ္ထုထဲက 'ချီယုံ့' ဇာတ်ကောင်ကို သဘောကျခဲ့မှာ မဟုတ်ဘူး။ 

ချီယုံ့ သူ့ကိုဆယ့်ရှစ်ကြိမ်တိတိ သတ်ခဲ့တာကို သူကောင်းကောင်းကြီး မှတ်မိနေသေးသည်။ လူကြီးလူကောင်းဟာ လက်တုံ့ပြန်ဖို့အတွက် တွေဝေမနေဘူးဆိုတဲ့စကားရှိတယ်လေ။ ကျန်းလော့လည်း လက်စားချေဖို့ မစောင့်နိုင်တော့ဘူး။

သူ ချီယုံ့ကို သေလောက်အောင် သတ်ပစ်ချင်နေသလို ချီယုံ့လည်းပဲ သူ့ကို သတ်ဖို့ စိတ်ပြင်းပြနေမယ်လို့ သူထင်သည်။

This Damned Thirst for Survial[Myanmar Translation]Where stories live. Discover now