Chapter 42

547 107 4
                                    

Unicode

Ch-42

ဝမ်ရန်လန်သည်ကြင်နာစွာပြုံးနေသော်ငြား ကျန်းလော့မျက်လုံးထဲမှာတော့အနည်းငယ်ရက်စက်နေပုံပေါ်၏။ '' မင်းမိန်းကလေးအဝတ်အစားတွေကိုဝတ်စရာမလိုပါဘူး။
ရွာထဲကမိန်းကလေးတွေကဝတ်ရုံရှည်တွေကိုပဲဝတ်ထားကြတဲ့ပုံမလို့ ယောကျာ်းလေးအဝတ်အစားနဲ့မိန်းကလေးအဝတ်အစားက သိပ်ပြီးကွာခြားချက်မရှိပါဘူး ''

ကျန်းလော့ကတော့ပြတ်သားသည်။ '' လုံးဝမရဘူး ''

ဝမ်ရန်လန်ကသနားကမားဖြင့်ပြောသည်။
'' ဒါမဲ့ငါတစ်ယောက်တည်းသွားရင် လူအင်အားမလုံလောက်ဘူးလေ ''

ကျန်းလော့သည်သူနှင့်အတူနောက်ဆုတ်နေသည့်ကျိုးကျုံးချိုးအားလက်ညိုးထိုးကာ
'' ကျိုးကျုံးချိုးရောမရဘူးလား? ''

ကျိုးကျုံးချိုး၏မျက်နှာရှုံ့မဲ့သွား၏။ '' ကျန်းလော့... အဲ့လောက်ထိလိုလို့လား? ''

ဝမ်ရန်လန်သည်ခပ်တိုးတိုးပြောသည်။
'' ကျုံးချိုးလည်းရတယ်... ဒါပေမဲ့သူတို့ကနတ်ကွန်းထဲကိုဝင်ဖို့မိန်းကလေးတွေကိုပဲရွေးတာလေ။ ကျုံးချိုးနတ်ကွန်းထဲဝင်လိုက်လို့ အန္တရယ်တစ်ခုခုကြုံနေရမှာကို ငါကစိုးရိမ်လို့ပါ။ ယောကျာ်းလေးတွေကပိုပြီးအန္တရာယ်ကင်းတယ်လေ ''

ကျန်းလော့ '' .... ''

သူစိတ်ဆိုးတဲ့အချိန်တိုင်းကို ချီယုံ့ကိုဆဲပစ်လိုက်မှနေသာထိုင်သာရှိတယ်။

ခွေးသားချီယုံ့...။ [T/N- ဘလိုင်းကြီးအဆဲခံလိုက်ရတာ 😂]

°°°°°

တခြားသူတွေကိုအိမ်အပြင်ဘက်သို့နှင်ထုတ်လိုက်၏။

စီးကွေးသည်လက်တွင်ဓားကိုင်ထားလျက် လုယုံ့ရီဘေး၌မတ်တပ်ရပ်နေကာ အိမ်ကိုစိုက်ကြည့်ရင်း အမူအရာကင်းမဲ့သည့်မျက်နှာထားဖြင့် '' သူတို့ဘာလုပ်နေကြတာလဲ? ''

လုယုံ့ရီ '' သူတို့တွေကအရမ်းနာကျင်တဲ့ဟာကိုလုပ်နေကြတာ... အထူးသဖြင့်ကျန်းလော့ကအနာဆုံးဖြစ်လိမ့်မယ် ''

စီးကွေးသည်မျက်မှောင်ကြုတ်လိုက်ပြီး အိမ်ထဲကိုအတင်းဝင်ဖို့လုပ်သည်။ ဒါပေမယ့်
လုယုံ့ရီကသူ့ကိုအချိန်မှီလှမ်းဆွဲလိုက်သည်။
'' ဟေ့ကောင်...ဘာလုပ်မလို့လဲ? ''

This Damned Thirst for Survial[Myanmar Translation]Where stories live. Discover now