Chapter 17

1.1K 304 14
                                    

Unicode

Ch-17

ပျော်ရမလား.. ဝမ်းနည်းရမလား ကျန်းလော့ မသိပေမယ့် ဒီညကတော့ စိတ်ဝင်စားဖို့ကောင်းတဲ့ညလေးတစ်ညဖြစ်တော့မှာကိုတော့ သူကျိန်းသေတယ်။

ချီယုံ့က ကျန်းလော့အရင်တစ်ခါက ပြောခဲ့တဲ့စကားကိုပဲ ပြန်ပြောခဲ့ပြီး ထိုစာကြောင်းတစ်ခုတည်းနဲ့တင် ချီယုံ့ဟာ ဘယ်လောက်အငြိုးကြီးသလဲဆိုတာကို ဖော်ပြနေသည်။

ကျန်းလော့ရဲ့စိတ်နေစိတ်ထားကို ပြောရမယ်ဆိုရင် ကောင်းတယ်လို့ ကျန်းလော့ထင်သည်။ တစ်ယောက်ယောက်က သူ့ကိုမကောင်းကြံရင် ​လက်တုံ့ပြန်မယ်... သူ့ကိုလာနှောင့်ယှက်ရင် သူလည်းပြန်လုပ်မှာပဲ။
ဒါပေမယ့် ချီယုံ့သာ အဲ့လိုလုပ်မယ်ဆိုရင်တော့ ကျန်းလော့ သုံးခါလောက်လှောင်ရယ်လိုက်ပြီးတော့ စိတ်ဓာတ်ညံ့ဖျင်းလိုက်တာလို့ ဆဲလိုက်မှာ။

သူရေထဲမှာ ကိုယ်တဝက်ဖြင့် မတ်တပ်ရပ်နေကာ ချီယုံ့ကို အသက်မပါသောမျက်နှာထားဖြင့် စိုက်ကြည့်နေသည်။

ချီယုံ့၏နှုတ်ခမ်းထက်တွင် အပြုံးတစ်ခုတွဲခိုနေလျက်ရှိကာ ထိုအပြုံးဟာ လူတစ်ယောက်ရဲ့ လည်ပင်းမှာခပ်မြင့်မြင့် ဆွဲကာချိတ်ထားသည့်ကြိုးတစ်ချောင်းအလား ကွေးညွှတ်နေသည်။ သူ့မျက်နှာတစ်ခြမ်းကို အမှောင်ထုကဖုံးလွှမ်းထားပြီး ကျန်တစ်ခြမ်းကတော့ လရောင်အောက်က ရေမျက်နှာပြင်ထက်တွင် ပုံရိပ်ထင်နေသည်။ ၎င်းက တကယ့်ကို ချောမောတင့်တယ်နေတာမှန်ပေမယ့်
လူတွေကို ကျောချမ်းသွားစေနိုင်သည်။

'' အတန်း​ဖော်ကျန်း '' မကောင်းဆိုးဝါးဝိညာဥ်က ရှေ့သို့ခြေလှမ်းတစ်လှမ်းတိုးလာပြီး စိုစွတ်အိစက်နေတဲ့မြေပြင်ကြောင့်
သူရဲ့လည်သာဖိနပ်အသံပျောက်သွားပြီး လျှို့ဝှက်လှသည့်အပြုံးနှင့်အတူ သာယာနာပျော်ဖွယ်ကောင်းသောအသံ ပေါ်ထွက်လာသည် '' အခုမင်းရဲ့ပုံစံက ... အရမ်းကို သနားစရာကောင်းတာပဲ ''

စျေးကြီးလှသည့်ဝတ်စုံကို ဝတ်ဆင်ထားပြီး
တွန့်ရာလေးတစ်ခုတောင် ရှိမနေပေ။ မကောင်းဆိုးဝါးဝိညာဥ်ဟာ ဒီပုံစံနဲ့ ညလယ်ခေါင်ကြီး သစ်တောထဲမှာရှိမနေသင့်ဘူး... အဲ့အစား ဝိုင်ခွက်တွေ ပြည့်နှက်နေသည့် ပျော်ရွှင်စရာကောင်းသည့်ပွဲမှာ ရှိနေသင့်တာဖြစ်သည်။

This Damned Thirst for Survial[Myanmar Translation]Where stories live. Discover now