Chapter 53

243 36 0
                                    

Unicode

Ch-53

ပုဏ္ဏကတစ္ဆေသည်သူ့ကိုယင်ဟူကမြေကြီးပေါ်မှာမလှုပ်နိုင်အောင်ဖိချုပ်လိုက်ကတည်းက မကောင်းတဲ့စိတ်ခံစားချက်ကြီးကိုခံစားလိုက်ရသည်။

အမြင့်၌ထိုင်နေသောအနက်ရောင်ဆံနွယ်လူငယ်က သူ့ကိုညင်သာစွာပြုံးပြတဲ့အခါသူစိတ်ထင့်နေတာကအမှန်တကယ်ဖြစ်လာခဲ့သည်။

ပုဏ္ဏကတစ္ဆေသည်တစ္ဆေတိုက်ခိုက်ရေးကွင်းထဲသို့လှမ်းကြည့်လိုက်သည်။ တစ္ဆေတိုက်ခိုက်ရေးကွင်းထဲရှိ လှောင်အိမ်တွေရဲ့သံတိုင်နောက်မှာပိတ်လှောင်ခံထားရသည့်တစ္ဆေသားရဲတွေက သံတိုင်နားကိုလျှောက်လာကြသည်။ ဆာလောင်မွတ်သပ်နေသောတစ္ဆေသားရဲတွေရဲ့မျက်လုံးတွေက အစိမ်းရောင်မီးတောက်တို့ဖြင့်တောက်လောင်နေကာ ပါးစပ်ကနေသွားရည်တွေစီးကျလျက် မျက်လုံးတွေကတိုက်ခိုက်ရေးကွင်း၏အနားတွင်ဝိုင်းအုံနေကြသည့်သရဲတစ္ဆေနဲ့မကောင်းဆိုးဝါးတွေကိုစိုက်ကြည့်နေကြ၏။

ပုဏ္ဏကတစ္ဆေ၏မျက်နှာက သူသတ်ခဲ့တဲ့လူရဲ့မျက်နှာအတိုင်း ထိတ်လန့်တုန်လှုပ်သွား၏။ သူနောက်လှည့်ပြီး တစ္ဆေတိုက်ခိုက်ရေးကွင်းကနေထွက်ပြေးဖို့ပြင်လိုက်သည်။

သို့သော်အရင်ကသူ့အနားတောင်မကပ်ရဲကြသည့် သရဲတစ္ဆေတွေကသူ့လမ်းကိုပိတ်ထားကြသည်။

ပုဏ္ဏကတစ္ဆေရဲ့အနီရောင်ဆံပင်တွေက ဒေါသကြောင့်လေထဲတွင်လွင့်နေပြီး အစွယ်တွေကိုဖော်ကာဒေါသတကြီးဖြင့်အော်ဟစ်လိုက်သည်။ '' မင်းတို့ကများငါ့ကိုတားရဲတယ်!! ''

သူပိုပြီးကြောက်လန့်လာလေလေ မျက်နှာကလဲပို၍အကျည်းတန်လာလေလေပဲ။ ပုဏ္ဏကတစ္ဆေရဲ့ပုံပန်းသွင်ပြင်ကနဂိုကတည်းကကြောက်စရာကောင်းပါစေဆိုနေမှ အခုပိုလို့တောင်ကြောက်မက်ဖွယ်ကောင်းသွားသည်။

ဒါပေမဲ့သူ့ကိုဝိုင်းထားသည့်သရဲတစ္ဆေတွေနဲ့မကောင်းဆိုးဝါးတွေကတော့ ခြေတစ်လှမ်းတောင်နောက်မဆုတ်ကြဘူး။

ပုဏ္ဏကတစ္ဆေကဘယ်လောက်ပဲအားကောင်းပါတယ်ဆိုဦး ဒီလောက်သရဲတစ္ဆေတွေအများကြီးကိုတော့မတွန်းလှန်နိုင်ဘူး။ သရဲတစ္ဆေတွေကသူ့ကိုကောက်ချီပြီးတော့ တစ္ဆေတိုက်ခိုက်ရေးကွင်းထဲပစ်ချလိုက်သည်။

This Damned Thirst for Survial[Myanmar Translation]Where stories live. Discover now