Chapter 32

713 183 11
                                    

Unicode

Ch-32

အနက်ရောင်မြူတွေက
အငှားယာဥ်မောင်းရဲ့ခေါင်းကနေခြေအဆုံး ဖုံးလွှမ်းသွားပြီး အနက်ရောင်မြူတွေလွင့်ပျဲသွားသည့်အခါ အငှားယာဥ်မောင်း၏ ထူးဆန်းသည့်မျက်နှာက ချောမောသောမကောင်းဆိုးဝါးဝိညာဥ်အဖြစ် ပြောင်းလဲသွား၏။

အဲ့တာကချီယုံ့ပဲ။

ကျန်းလော့ စီးကရက်တစ်ဖွာမှုတ်ထုတ်လိုက်ရင်း မျက်လုံးတွေအနည်းငယ်ကျဥ်းမြောင်းသွားကာ နှုတ်ခမ်းထောင့်မှအပြုံးလေးတစ်ခု ပေါ်လာသည်။ မီးခိုးငွေ့တွေက သူ့အပြုံးကိုဖုံးလွှမ်းသွားတာကြောင့် မကောင်းဆိုးဝါးဝိညာဥ်က သတိမထားမိလိုက်ပေ။

ကျန်းလော့ မနေ့ညတုန်းက 'ရေနစ်သွားခဲ့တဲ့အချိန်'တုန်းက ချီယုံ့ရေချိုးခန်းတံခါးကို လာထုရိုက်ကတည်းက ရက်အနည်းငယ်အတွင်း ပေါ်လာလိမ့်မယ်လို့ ကျန်းလော့ခန့်မှန်းမိပြီးသားဖြစ်၏။ အစက သူလှည့်ကွက်သုံးပြီး
ချီယုံ့ထွက်လာအောင် ဖြားယောင်းမလို့လုပ်နေပေမယ့် ချီယုံ့ကဒီလိုမြန်မြန် သူ့ဘာသာရောက်လာမယ်လို့ သူမမျှော်လင့်ထားခဲ့ဘူး။

ကြည့်ရတာ ဒီညတော့ ယင်ယန်လက်ကောက်ကို သူအသက်သွင်းနိုင်မယ့်ပုံပဲ။

ကျန်းလော့တမင်သက်သက်မျက်မှောင်ကြုတ်လိုက်ကာ စက်ဆုပ်ရွံရှာဟန်ဖြင့်မေးလိုက်၏။ '' မင်းဘာလို့ထပ်ရောက်လာပြန်တာလဲ? ''

ထိုအကြည့်ကြောင့် မကောင်းဆိုးဝါးဝိညာဥ်က တိတ်တဆိတ်ရယ်မောလိုက်၏။

အမတနွယ်ဝင်အလားလှပနေသည့် ကျန်းလော့၏မျက်နှာထက်တွင် စက်ဆုပ်ရွံ့ရှာနေသည့်အမူအရာက ထူးဆန်းသည့်အလှရှိနေသည်။ ကျန်းလော့ပိုပြီးထိတ်လန့်ရွံရှာလာလေလေ မကောင်းဆိုးဝါးဝိညာဥ်က ပိုပြီးစိတ်ပျော်ရွှင်လာလေဖြစ်ကာ ၎င်းရက်စက်တဲ့တပ်မက်မှုကို ပိုလို့စွဲလမ်းလာခဲ့သည်။

ကားက ညနက်ထဲလမ်းမထက်တွင် ချောချောမွေ့မွေ့မောင်းနင်းနေခဲ့သည်။

ညအချိန်၌ နေ့ခင်းပိုင်းထက် သွားလာသည့်ကားအစီးရေအတော်လေးနည်းသွားသည်။ အနောက်တိုင်းဝတ်စုံ ၊ လည်သာဖိနပ်ကိုဝတ်ဆင်ထားသည့်
အနှီမကောင်းဆိုးဝါးဝိညာဥ်သည် မောင်းနှင်ရာတွင်လည်း ကျွမ်းကျင်ပြီးတော့ တကယ့်ကိုအငှားယာဥ်မောင်းအတိုင်းပင်။ သူရဲ့အလွန်ထူးခြားနေသည့်ရုပ်ရည်အသွင်အပြင်ကလွဲပြီး မောင်းသည့်အမြန်နှုန်းကလည်း အညွှန်းစာအုပ်ထဲကစံနှုန်းနှင့်ကိုက်ညီသည်။

This Damned Thirst for Survial[Myanmar Translation]Where stories live. Discover now