Chapter 51

229 43 1
                                    

Unicode

Ch-51

ကောကျူကတောက်ဆရာဖြစ်တာမလို့ အခုဒီနေရာမှာဖြူနီသရဲနှစ်ကောင်ကိုကိုင်တွယ်ဖို့က သူ့ထက်ကျွမ်းကျင်တဲ့သူမရှိဘူး။

ကောင်းကင်ကမှောင်လာလေလေ စံအိမ်အတွင်းရှိဝန်ထမ်းတွေကလည်း ပိုပြီးစိတ်လှုပ်ရှားနေကြသည်။

'ကျစ်'အချိန်သို့မရောက်ခင် လုယုံ့ရီသည်သာမန်လူတွေဖြစ်တဲ့စံအိမ်ကဝန်ထမ်းတွေကို သူတို့အခန်းဆီပြန်ပြီးအနားယူကြခိုင်းလိုက်သည်။ သူတို့သွားအနားမယူခင်မှာ ကောကျူသည်ဝန်ထမ်းတွေကို 'လုံးဝမလုပ်ရမယ့်အချက်သုံးချက်'ကို လေးနက်တဲ့မျက်နှာထားဖြင့်သေချာသတိပေးခဲ့သည်။

'' မီးတွေမဖွင့်နဲ့။ အသံတွေကြားရင်လဲထမကြည့်နဲ့။ တစ်ယောက်ယောက်ကတံခါးလာခေါက်ရင်လဲ မဖွင့်ပေးနဲ့။ ဒီတိုင်းမျက်လုံးမှိတ်ပြီးသာအိပ်နေလိုက်... ပြီးတော့ ဘယ်လိုကိစ္စမျိုးပဲရှိရှိ အပြင်ကိုလုံးဝထွက်မလာပါနဲ့ ''

ဝန်ထမ်းတွေလည်းအဲ့စကားတွေကို သေချာမှတ်ထားလိုက်ပြီး သူတို့အခန်းဆီပြန်သွားကြသည်။

ရေပူစမ်းအပန်းဖြေစံအိမ်တစ်ခုလုံး အပ်ကျသံမကြားလောက်တဲ့အထိ တိတ်ဆိတ်သွား၏။

ကျန်းလော့တို့အုပ်စုဟိုဟိုဒီဒီစကားပြောနေကြတဲ့အသံကလွဲပြီး ခန်းမထဲတွင်တခြားဘာအသံမှမရှိဘူး။ အချိန်မှာတရွေ့ရွေ့ဖြင့်ကုန်ဆုံးသွားကာ တဖြည်းဖြည်းနှင့်ညသန်းခေါင်သို့နီးကပ်လာ၏။

သူတို့လည်းစကားဆက်မပြောကြတော့ဘဲ ဖြူနီသရဲနှစ်ကောင်ပေါ်လာမဲ့အချိန်ကို တိတ်တဆိတ်သာစောင့်ဆိုင်းနေကြသည်။

အချိန်ဘယ်လောက်ကြာသွားမှန်းမသိသော်ငြား ရုတ်တရတ်အဝေးကနေသာယာရွှင်မြူးဖွယ်အသံတွေကိုဝေဝေဝါးဝါးကြားလိုက်ရသည်။ နှဲသံတွေကကျယ်လောင်လျက် ဆိုင်းသံဗုံသံတွေကဆူဆူညံညံဖြင့် စည်ကားသိုက်မြိုက်လှသည်။ ဒါပေမဲ့ ၎င်းအသံတွေကအလွန်ဝေးကွာသောအရပ်မှရောက်လာသကဲ့သို့ ကြားတွင်မြူခိုးလွှာတစ်ခုဖြင့်ခြားထားပုံပေါ်နေသည်။

ကောကျူကချက်ချင်းဆုံးဖြတ်ချက်ချလိုက်သည်။ '' သွားကြမယ်! ''

This Damned Thirst for Survial[Myanmar Translation]Where stories live. Discover now