Chapter 31

536 152 1
                                    

Unicode

Ch-31

ဘေဇင်ထဲတွင်အသက်ရှုအောင့်တာက ရေချိုးကန်ထဲနှင့် လုံးဝကွာခြားသည်။

အေးစက်စက်ရေတွေက နားထဲသို့စီးဝင်လာကာ ရေအောက်ထဲသို့ရောက်သွားသောအခါ နှလုံးခုန်သံက နားထဲတွင်မြည်ဟည်းနေသကဲ့သို့ ကြည်လင်စွာကြားလာရသည်... အသက်ရှူမွန်းကျပ်မှုက အလွန်လျင်မြန်စွာဖြင့် ပြင်းပြင်းထန်ထန်ဖြစ်လာသည်။

ကျန်းလော့စိတ်ထဲတွင် ဆယ်စက္ကန့်ရေတွက်လိုက်ပြီး စက္ကန့်တိုင်းက လေးစက္ကန့် ငါးစက္ကန့်အထိ ​အရှိန်လျော့ကာရေတွက်လိုက်၏။ အောက်စီဂျင်ပြတ်လတ်သွားသည့်ခံစားချက်က သူ့တစ်ကိုယ်လုံးကိုတောင့်တင်းသွားစေပြီး ကျန်းလော့မျက်လုံးတွေကိုမှိတ်လိုက်ကာ သေအံ့ဆဲဆဲဖြစ်လာမည့်အခြေအနေကို
စောင့်ဆိုင်းနေသည်။

အဆောင်စာရွက်တွေ အပြည့်ကပ်ထားသည့်အခန်းက အစွမ်းကြီးသောမှော်ပညာအတတ်ကိုလုပ်ဆောင်နေသည့်မြင်ကွင်းတစ်ခုအလား ဖြစ်နေကာ အချိန်သည်တဖြေးဖြေးနှင့်ကုန်ဆုံးသွားသည်။ တစ်မိနစ်အကြာတွင် အခန်းတွင်းရှိအဆောင်စာရွက်တွေက ပြင်းထန်သောရိုက်ခတ်မှုကိုခံလိုက်ရသကဲ့သို့ ရုတ်တရတ် အရောင်တောက်ပလာသည်။

အဆောင်စာရွက်တွေရဲ့ တရှဲရှဲမြည်သံတွေကို အနက်ရောင်ဆံနွယ်လူငယ်ကြားနေရပေမယ့် သူဂရုမစိုက်ပေ။ သူ့မျက်လုံးတွေကိုတင်းတင်းမှိတ်လိုက်ပြီး အင်္ကျီကရေလှိုင်းနှင့်အတူ လှုပ်ခါနေသည်။ သူ့လက်သီးဆုပ်တွေရဲ့ အပြာရောင်သွေးကြောမျှင်လေးတွေက ရေထဲတွင်ပျော်ဝင်သွားသကဲ့သို့ဖြစ်လာလျက် အနက်ရောင်ဆံနွယ်တွေနဲ့ရောယှက်သွားကာ ထူးဆန်းသည့်အလှတစ်မျိုး ဖြစ်ပေါ်လာသည်။

' အုံး... '

နောက်ထပ်ပြင်းထန်လှသောရိုက်ချက်နှင့်အတူ ရေချိုးခန်းတစ်ခုလုံး တစ်ခဏခန့် လှုပ်ရမ်းသွားပုံပေါ်ကာ တံခါးတွင်ကပ်ထားသည့်အဆောင်က ရုတ်တရတ်လောင်ကျွမ်းသွားသည်။

အပြင်ဘက်ကမကောင်းဆိုးဝါးက တစ်ခဏလောက် ဖိနှိပ်ခံလိုက်ရတဲ့ပုံပေါ်သော်ငြား ဆယ်စက္ကန့်အကြာတွင် ရေချိုးခန်းကိုထပ်မံရိုက်ခတ်လာပြန်သည်။

This Damned Thirst for Survial[Myanmar Translation]Where stories live. Discover now