Chapter 55

137 23 0
                                    

Unicode

Ch-55

ကျန်းလော့ကိုအတင်းဖက်ထားသည့်သူကအချိန်အနည်းငယ်ကြာမှ ကျန်းလော့ကိုလွှတ်ပေးသည်။ သူ့ကိုမလွှတ်စတမ်းဖက်ထားတဲ့လူကဘယ်သူများလဲဆိုပြီး ကျန်းလော့တွေးနေပေမယ့် သူနဲ့တစ်ချိန်လုံးပထမ​နေရာကိုလိုက်ပြိုင်နေတဲ့ချီယဲ့ဖြစ်နေလိမ့်မယ်လို့မထင်ထားဘူး။

ဖက်ထားတာကိုလွှတ်ပြီးတာတောင်မှ ချီယဲ့ကကျန်းလော့ကိုဆက်ကြည့်နေသေးသည်။
သူ့ပုံစံကအရမ်းစိတ်ပူနေတဲ့ပုံပေါက်ပြီး မျက်လုံးတွေကလဲနီရဲနေ၏။ '' မင်းတို့ကငတုံးတွေလား? ဖြူနီသရဲနဲ့ရင်ဆိုင်ရတဲ့အချိန်မှာဘယ်လိုသတိထားရမယ်ဆိုတာမသိလို့လား? ဒီလိုဆွဲခေါ်ခံသွားရတယ်လို့! ''

ဒီလိုမညှာမတာအပြောခံရမယ်လို့ ကျန်းလော့မမျှော်လင့်ထားခဲ့ဘူး။ သူမျက်ခုံးပင့်၍ '' မင်းကငါ့ကိုအရမ်းစိတ်ပူနေတာလား? '' ဟုမေးလိုက်သည်။

ချီယဲ့၏မျက်နှာတွင်စိတ်မသက်မသာဖြစ်သွားသည့်အမူအရာမျိုးဖျတ်ခနဲပေါ်လာကာ
'' ...ဘယ်သူကမင်းကိုစိတ်ပူနေလို့လဲ? ''

ကျိုးကျုံးချိုးကချီယဲ့၏ပခုံးကို ခပ်ဖွဖွပုတ်ကာ ကြားဖြတ်ပြောသည်။ '' နင်ဖက်လို့ဝပြီလား? နင်ပြီးသွားရင်လမ်းလေးဖယ်ပေးဦး... ငါတို့လဲကျန်းလော့ကိုဖက်ဦးမယ် ''

ချီယဲ့၏မျက်နှာနီရဲသွားကာ နောက်သို့ခြေလှမ်းနှစ်လှမ်းဆုတ်၍နေရာဖယ်ပေးလိုက်သည်။

ထို့နှင့်သူငယ်ချင်းတွေကလဲကျန်းလော့နှင့်လုယုံ့ရီတို့ကို အလှည့်ကျပွေ့ဖက်ကြသည်။ သူငယ်ချင်းတွေအချင်းချင်းဘာလို့ဖက်ကြလဲဆိုတာ ကျန်းလော့အရင်ကနားမလည်ခဲ့ဘူး။ ဒါပေမဲ့ကိုယ်တိုင်ကြုံရတော့မှ ပွေ့ဖက်ခြင်းကသူငယ်ချင်းတစ်ယောက်နဲ့တစ်ယောက် စိုးရိမ်ပူပန်မှုနဲ့ကိုယ့်ကိုကိုယ်အပြစ်တင်ခြင်းတို့ကိုဖော်ပြတာမှန်း သူတဖြည်းဖြည်းနဲ့နားလည်လာခဲ့သည်။

ကျန်းလော့ဘာမှမပြောဘဲ သူတို့တွေဝိုင်းဖက်ကြတာကိုငြိမ်ခံနေလိုက်တယ်။

အဲ့တာက... နွေးထွေးသလိုခံစားရတယ်။

ကျန်းလော့တို့နှစ်ယောက်ဘာထိခိုက်ဒဏ်ရာမှမရတာသေချာတော့မှ သူတို့အုပ်စုလဲရေပူစမ်းစံအိမ်ဆီသို့ပြန်ခဲ့ကြသည်။

This Damned Thirst for Survial[Myanmar Translation]Where stories live. Discover now