Chapter 6

1.3K 321 20
                                    

Unicode

Ch-6

သူဌေးမရဲ့ပုံစံက လူလို့တောင် ပြောလို့မရတော့ဘူး... သူ့ပုံစံက အပ်နဲ့အပ်ချည်သုံးပြီး ချုပ်ကာဆွဲဆန့်ထားတဲ့ အသားစိုင်ကြီးနဲ့တူသည်... သူရဲ့ထူပိန်းနေတဲ့မိတ်ကပ် မရှိတော့ဘူးဆိုတော့ မှုန်မှိုင်းနေသည့်ညသန်းခေါင်မှာ ကြောက်မက်ဖွယ်ကောင်းသည့် သူမ့မျက်နှာ ပေါ်လာတော့သည်။

သူဌေးရဲ့မိန်းမ ဘာလို့ ဒီလိုဖြစ်သွားတာလဲဆိုတာ ဘယ်သူမှမသိဘူး။ ဒါပေမယ့် သူမဟာ ကျန်းလော့တို့ကို မတိုက်ခိုက်ဘဲ အိပ်ရာပေါ်က မြေးအဖွားဆီသို့ ရက်စက်စွာ တိုက်ခိုက်လိုက်သည်။

ယဲ့ရွှင် ချက်ချင်းပဲ သူ့လက်ညိိုးကို ကိုက်လိုက်ပြီး ယုန်ရုပ်ရဲ့ပါးစပ်ကို ထိုးထည့်လိုက်တယ်... သွေးတွေစီးဝင်သွားတာနဲ့ ယုန်ရုပ်ရဲ့အသက်မဲ့နေသည့် မျက်လုံးတွေမဲနက်သွားကာ ယဲ့ရွှင်လည်း လေးနက်သွားသည် '' ရှောင်ဖန် သူ့ဆီသွား ''

ရှောင်ဖန်က တောင့်တောင့်ကြီးဖြင့် 
သူဌေးမိန်းမဆီ ဦးတည်လိုက်သည်။

အံသြစရာကောင်းလိုက်တာ... အရုပ်က
ရွေ့နေသည်။

ကျန်းလော့ရဲ့မျက်နှာပျက်သွားပြီး 
ရှောင်ဖန်ကို ကြောင်စီစီနဲ့ ကြည့်လိုက်တယ်။

ယဲ့ရွှင်က ​ကျွမ်းကျင်စွာပဲ ကျန်းလော့နဲ့ လုယုံ့ရီတို့ကို အခန်းပြင်ထုတ်လိုက်သည်
'' ဒီမှာငါ့လာရှုပ်မနေနဲ့ အပြင်ထွက်နေ ''

ကျန်းလော့နဲ့လုယုံ့ရီတို့ရှေ့တင် တံခါးကဂျိမ်းခနဲ ပိတ်သွားသည်။ ကျန်းလော့ ခဏကြာတော့ လသာဆောင်ဘက် ထွက်သွားပြီး ဆေးလိပ်ထိုင်သောက်နေသည့် သူဌေးဆီက ဆေးလိပ်တောင်းလိုက်သည်။

နှစ်ယောက်လုံးဆေးလိပ်သောက်နေတာခြင်းတူတူတောင် ကျန်းလော့ပုံစံက အိုင်ဒေါဒရာမာတွေထဲက မင်းသားပုံစံနှင့်တူပြီး သူဌေးကတော့ ဖြစ်ရပ်မှန်ပုံစံပင်။ ဒါပေမယ့် သူဌေးကတော့ ဂရုမစိုက်နိုင်ဘူး။ သူ့မှာကြောက်လွန်းလို့ လက်ထဲကဆေးလိပ်တောင် တုန်နေပြီး သူ့စိတ်ကိုထိန်းဖို့ စကားတွေ
တောင်စဥ်ရေမရပြောနေလိုက်သည်
သူ့ကိုယ်သူ ဘာတွေပြောနေမှန်းတောင် မသိဘူး '' မင်းတို့ကျောင်းက ဆေးလိပ်သောက်ခွင့်ပြုလို့လား ''

This Damned Thirst for Survial[Myanmar Translation]Opowieści tętniące życiem. Odkryj je teraz