Chapter 27

783 181 6
                                    

Unicode

Ch-27

ဂိုဏ်ကြီးခြောက်ဂိုဏ်းအနက် ဖုန်းမိသားစု၏ ကောင်းကင်အရှင်အဖြစ် အသစ်တင်မြှောက်ခြင်းခံထားရသည့် ဖုန်းလီအနေနဲ့ ချီမိသားစု၏ခေါင်းဆောင် ချီယုံ့မျက်နှာကို သေချာမှတ်မိနေသည်။

ဒီမကောင်းဆိုးဝါးအငွေ့အသက်တွေက ချီယုံ့အဖြစ် အသွင်ပြောင်းသွားတာကိုမြင်လိုက်ရတော့ ဖုန်းလီ အံ့သြသွားရုံတင်မက သူ့စကားလုံးတွေရဲ့အကြောင်းအရာတွေကြောင့်လည်း သူ့မျက်ခုံးတွေတွန့်ချိုးသွား၏။

လူတစ်ယောက်နဲ့သရဲတစ်ကောင်တို့က တူညီတဲ့အရာတစ်ခုကို​ပြောနေကြသည်။ သူတို့ပြောတာတွေက မမှားဘူးဆိုပေမယ့် 'နက်ရှိုင်းလှသည့်အချစ်'ကိုတော့ ဖုန်းလီမခံစားမိပေ။ ဖုန်းလီ၏ညာဘက်လက်က ကြော့ရှင်းလှသည့်လက်ဟန်ဖြင့် ချိပ်တစ်ခုကိုဖန်တီးကာ သူ့ရှေ့တွင် လက်ညိုးနှင့်လက်ခလယ်ကိုပူးကာ ညင်သာစွာပြောသည်
'' ပျောက်ကွယ်စေ ''

သာမန်လူတွေမမြင်နိုင်သည့်မီးတောက်တစ်ခုက လေထုထဲမှပေါ်ထွက်လာကာ ဘေးပတ်ပတ်လည်ကို အနည်းငယ်လောင်ကျွမ်းသွားစေသည်။ လူအုပ်ကြီးကို မီးတောက်တွေကဝိုင်းရံနေပြီး ယန်စွမ်းအားကြောင့်ဖြစ်တည်လာတဲ့မီးလျှံတွေက မကောင်းဆိုးဝါးဝိညာဥ်တွေ ၊ သရဲတစ္ဆေတွေအားလုံးကို လွင့်ပြယ်သွားစေပြီး ပြင်းထန်သည့်အခြေအနေမျိုးတွင် လုံးဝတစစီပျောက်ကွယ်သွားသည့်အထိ လောင်ကျွမ်းသွားစေနိုင်သည်။

ကျန်းလော့ကိုသာစိတ်ဝင်တစားကြည့်နေသည့်ချီယုံ့က နောက်ဆုံးမှာ ခေါင်းလှည့်ကာ
ဖုန်းလီကိုကြည့်လိုက်သည်။

မီးတောက်တွေတဖြည်းဖြည်းနီးကပ်လာတာနဲ့အမျှ ချီယုံ့ဟာ မမြင်ရသည့်မီးတောက်တွေကိုမခုခံနိုင်သည့်အလား မျက်လုံးတွေကိုအနည်းငယ်ကျဥ်းမြောင်းလိုက်၏။ နောက်ဆုံးတွင် ကျန်းလော့ကိုယ်ကနေ ကွာသွားပြီး အစအနမရှိပျောက်ကွယ်သွားတော့သည်။

ဖုန်းလီက သူ့လက်ကိုအသာအယာပြန်ချလိုက်ပြီး ကျန်းလော့ကိုနောက်တစ်ခါထပ်ကြည့်မိတော့ မျက်မှောင်ကြုတ်ရင်း ခပ်ပြတ်ပြတ်ပြောသည် '' လူတွေနဲ့ဝိညာဥ်တွေက လမ်းကြောင်းတွေကွဲပြားကြတယ်။ သူကမကောင်းဆိုးဝါးဝိညာဥ်အဖြစ်ပြောင်းသွားပြီ... မင်းဘာတွေမျှော်လင့်နေသေးတာလဲ? ''

This Damned Thirst for Survial[Myanmar Translation]Where stories live. Discover now