Chapter 13

1.2K 309 16
                                    

Ch-13

ကျန်းလော့ နေ့ခင်းတုန်းက ချုပ်ထိန်းခြင်းအဆောင်တွေ တစ်ပုံကြီးဆွဲထားခဲ့သည်။

ဒီဇိုင်းသင်တန်းကျောင်းမှာ လေ့ကျင့်ထားခဲ့သည့် သူ့လက်တွေရဲ့အရှိန်​ကြောင့် ချီကို ဘယ်လိုစုစည်းရမှန်းမသိတာတောင် သာသာယာယာပဲ ဆွဲနိုင်ခဲ့သည်။

ရလဒ်ကတော့ အခုသူ အဆောင်စာရွက်တွေကို ပိုက်ဆံတွေကျဲချသလိုမျိုး ချီယုံ့ကို ငွေပင်လယ်ထဲမှာ နစ်လို့ရသွားပြီ။

ချီယုံ့ကို အဲ့အဆောင်တွေနဲ့ပစ်ပြီး သေအောင်လုပ်ပစ်မယ်။

မြူပုံသဏ္ဍာန်က တဖြည်းဖြည်း ကြောက်မက်ဖွယ်အသွင်သို့ ပြောင်းလဲသွားတာကို ကျန်းလော့အေးဆေးပင် ကြည့်နေကာ ပြုံးလိုက်သည်။ သူ၏ ပါးလွှားသည့်နှုတ်ခမ်းတွေ ကော့တက်သွားပြီး သူရဲ့အကောင်းအတိုင်းဖြစ်နေတဲ့လက်နဲ့ အဆောင်ကိုထုတ်လိုက်ပြီး လူပုံသဏ္ဍာန်မြူခိုးရဲ့လည်ပင်းဆီ ဖိကပ်လိုက်သည်။ အဲ့နောက် အဆောင်ကပ်ထားတဲ့သူ့ဒူးခေါင်းကိုသုံးပြီး မြူရဲ့ဝမ်းဗိုက်နေရာကို ခပ်ပြင်းပြင်း တိုက်ပစ်လိုက်သည်။

ချီယုံ့ဆီကနေ မသဲမကွဲညည်းသံပေါ်ထွက်လာသည်။

ကျန်းလော့ အရှေ့သို့ကွေးညွတ်လိုက်တော့ သူရဲ့အနက်ရောင်ဆံနွယ်တွေက ပခုံးထက်မှာဖြာကျနေသည်။ သူအသံက လေပြည်ညင်းကဲ့သို့ ညင်သာနေသည် '' ဆရာ နေလို့မှကောင်းရဲ့လား ''

အနက်ရောင်မြူက ခဏတာတန့်သွားပြီး ရုတ်တရတ် ထရယ်လာသည်။

သူ့ရယ်သံက တဖြည်းဖြည်း ကျယ်လောင်လောင်လာပြီး ရူးသွပ်နေသကဲ့သို့ အေးစက်နေကာ ကျောချမ်းစရာကောင်းလှသည်။

ဘယ်လိုပဲဖြစ်နေပါစေ ကျန်းလော့ကတော့
တည်တည်ငြိမ်ငြိမ်ပဲ နားသော်တဆင်နေကာ နောက်ထပ်အဆောင်တစ်ခုကိုထုတ်ပြီး မြူပုံသဏ္ဍာန်ကို ထပ်ကပ်လိုက်သည်။ ထို့နောက် လေသံတိုးတိုးလေးဖြင့် '' ဒီတစ်ညလုံး မင်းခံစားလို့ကောင်းအောင် ငါလုပ်ပေးမယ် ''

......

သူ့အတန်းဖော်တွေက သူ့ကိုမနက်စာစားဖို့ အောက်ဆင်းဖို့ လာခေါ်တဲ့အချိန်မှာ
လုယုံ့ရီတစ်ယောက် အိပ်မှုန့်စုံဝါးနဲ့ နိုးလာခဲ့သည်။

This Damned Thirst for Survial[Myanmar Translation]Where stories live. Discover now