Chapter 39

630 117 4
                                    

Unicode

Ch-39

ကျန်းလော့နောက်မှီလိုက်ပြီး လက်ပိုက်လျက်ချီယဲ့အားကြည့်လိုက်သည်။ '' ဒုတိယအဆင့်တုန်းကလဲ မင်းဒီလိုပြောခဲ့တာပဲ ''

ချီယဲ့၏မျက်နှာထားမှာတောင့်ခဲသွားကာ ချောမောသောမျက်နှာကအနည်းငယ်ပျက်သွား၏။ '' ဒါပေမယ့် တတိယအဆင့်ကျရင်တော့ ကျိန်းသေပေါက်ငါပထမရမှာ ''

'' ပြီးတော့တတိယအဆင့်ကျရင် ထိပ်ဆုံးသုံးယောက်အတွက်ဘာသဲလွန်စမှပေးမထားဘူး '' ချီယဲ့ကလေးနက်စွာပြောသည်။ '' ငါတို့ရဲ့စမှတ်ကအတူတူပဲ... ကျန်းလော့... ငါမင်းကိုအရှုံးမပေးဘူး ''

ကျန်းလော့ပြုံးလျက်ပင် '' ဒါ..မဲ့ ငါလည်းပထမရချင်တယ်လေ ''

ထိုစကားကိုကြားတော့ ချီယဲ့စိတ်ကျေနပ်စွာရယ်လိုက်ပြီး '' နောက်ဆုံးတော့မင်းအတည်ပေါက်လုပ်တော့မယ်ပေါ့? ''

အရှေ့တန်းမှလုယုံ့ရီသည်နောက်လှည့်ကာစပ်စုသည်။ '' ချီယဲ့... မင်းဒီကိုကျန်းလော့ကြောင့်နဲ့ပြောင်းလာတာလား? ''

ချီယဲ့၏မျက်နှာမှာအခက်တွေ့သည့်အရိပ်အယောင်ပေါ်လာကာ '' ငါကဒီတိုင်းကျောင်းတက်ရတဲ့အတွေ့အကြုံကိုခံစားဖူးချင်လို့ ''

ကျန်းလော့အံ့သြသွား၏။ '' ဘာလဲ... မင်းအရင်ကတစ်ခါမှကျောင်းမတက်ဖူးဘူးလား? ''

'' ငါကရိုးရိုးတက္ကသိုလ်ကိုပဲတက်တာ... သဘာဝသိပ္ပံနဲ့လူမှုရေးဘာသာရပ်ကိုမဟုတ်ဘူး '' ချီယဲ့မျက်လုံးတွေကဂနာမငြိမ်ဖြင့် ကျန်းလော့မျက်နှာကိုကြည့်ပြီး '' ပြီးတော့... ငါကဒီလိုပညာရပ်တွေကိုအိမ်မှာပဲသင်ခဲ့တာ ''

လုယုံ့ရီဝမ်းသာသွားသည်။ '' ဒါဆိုရင် မင်းကဘိတ်ဆုံးလို့ပြောလို့ရတာပေါ့ ''

'' ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ! '' ယဲ့ရွှင်ကလျှာစောင်းထက်စွာဖြင့် '' လုယုံ့ရီ... ချီယဲ့ကမင်းထက်ပိုတော်တယ် ''

လုယုံ့ရီ '' ဒါပေမဲ့... ပြိုင်ပွဲအဆင့်နှစ်ခုလုံးမှာ ငါကချီယဲ့ထက်အဆင့်ပိုမြင့်တယ်လေ ''

ချီယဲ့ '' .... ''

သူစိတ်တိုသွားပြီးအသက်ပြင်းပြင်းရှုထုတ်မိလိုက်၏။ သို့ထိတိုင်လုယုံ့ရီပြောတာကအမှန်ပဲမလို့ သူပြန်မချေပနိုင်ပေ။

This Damned Thirst for Survial[Myanmar Translation]Where stories live. Discover now