Chapter 18

1K 272 12
                                    

Unicode

Ch-18

ပိုင်ယဲ့ဖုန်းက ပုံမှန်တွေ့နေကျလူတွေနဲ့ တန်းတူညှိလို့ရတဲ့ သာမန်လူစားမျိုးမဟုတ်ဘူး။ ဝမ်ရန်လန်ပြောပုံအရ ပိုင်ယဲ့ဖုန်းက သူနဲ့သက်တူရွယ်တူတွေကြားထဲမှာ အတော်ဆုံးတွေထဲက တစ်ယောက်ပဲ။ အဲ့လိုလူမျိုးကို
ချီယုံ့က ဝင်ပူးချင်တိုင်းဝင်ပူး ၊ ထိန်းချုပ်ချင်တိုင်း ထိန်းချုပ်လို့ရပါ့မလား။

အပြန်လမ်းမှာ ကျန်းလော့ ဝမ်ရန်လန်ကို ပိုင်ယဲ့ဖုန်းအကြောင်းတွေ ဆက်တိုက်မေးနေခဲ့သည် '' သူက အရမ်းအစွမ်းထက်တာလား  ''

'' အရမ်းကိုအစွမ်းထက်တာ '' ဝမ်ရန်လန်က ပြန်ဖြေသည် '' သူအစွမ်းက ပိုပြီးစွမ်းတာက သူ့ကျော်ကြားမှုပဲ ''

ဝမ်ရန်လန်က ပြောတာခဏလောက်ရပ်သွားပြီး ကျန်းလော့ရဲ့ဝမ်းနည်းနေတဲ့စိတ် ထိခိုက်သွားမှာစိုးလို့ တွန့်ဆုတ်စွာပြောသည် '' သူ့မှာ နောက်လိုက်တွေ အများကြီးရှိတယ်... ပြီးတော့ သူများတွေက သူ့ကို ဒုတိယချီယုံ့လို့လဲ ခေါ်ကြတယ် ''

ကျန်းလော့ စိတ်မထိန်းနိုင်ဘဲ ရယ်မိတော့မလို ဖြစ်သွားသည် '' ဒုတိယချီယုံ့.. ဟုတ်လား ''

'' ဟုတ်တယ် '' ကျိုးကျုံးချိုးက ဝင်ပြောသည် '' လွန်ခဲ့တဲ့လေးငါးနှစ်လောက်ကတည်းက ပိုင်ယဲ့ဖုန်းက ချီယုံ့ကို လိုက်အတုခိုးနေခဲ့တာ။ သူ့အပြုအမူတွေ ၊ ပုံစံတွေကလည်း ချီယုံ့နဲ့ပိုပိုပြီး တူလာတယ်... အဲ့အချိန်ကစပြီး သူလည်း နာမည်ကြီးလာတာ။ ချီယုံ့ဆုံးတုန်းကတောင် ချီယုံ့ရဲ့အသုဘကို အပြေးလာခဲ့သေးတယ် ''

ကျန်းလော့ သေသေချာချာ စဥ်းစားလိုက်သည် '' အဲ့လိုလား... ''

ဒါဆိုရင် သူ့ကိုပိုင်ယဲ့ဖုန်းပစ်မှတ်ထားနေတာက ဒါကြောင့်များလား။

သူ့ရွှီးဖြန်းထားတဲ့လိမ်ဆင်ကို ပိုင်ယဲ့ဖုန်းက တစ်နေရာရာကနေ ကြားသွားတာဖြစ်နိုင်တယ်။ ချီယုံ့ရဲ့'နောက်လိုက်' အနေနဲ့ 'ချီယုံ့က သူ့ကိုကြိုက်နေတယ်' ဆိုတဲ့စကားကြောင့် ပိုင်ယဲ့ဖုန်းက သူ့ကိုဖဲ့နေတာဖြစ်နိုင်သည်။

ဒီလိုဆိုရင်တော့ ပိုင်ယဲ့ဖုန်းက ချီယုံ့ရဲ့ရုပ်သေးရုပ် လုံးဝမဖြစ်နိုင်တော့ဘူး။

This Damned Thirst for Survial[Myanmar Translation]Where stories live. Discover now