Chapter 47

447 79 7
                                    

Unicode

Ch-47

သူရဲ့သခင်အရှေ့မှာ လူသားဆီကနေဒီလိုရှက်စရာကောင်းတဲ့ပုံစံနဲ့ဆက်ဆံခံနေရသည်။ ဟွားလီ၏မျက်နှာနီရဲသွားကာ သူရဲ့နောက်ဆုံးလက်ကျန်အင်အားကိုသုံးပြီး ဒီလူသားရဲ့ပြုံးဖြီးနေတဲ့မျက်နှာကို လက်သည်းနဲ့ကုတ်ခြစ်ပစ်ဖို့နောက်လှည့်လိုက်သည်။

မကောင်းဆိုးဝါးဝိညာဥ်ကမတတ်နိုင်ဘဲပြုံးမိသည်။ '' အဲလိုဆိုအခြေအနေကငါ့အတွက်ပိုပြီးအခွင့်မသာသလိုပဲ ''

အဲ့တာတော့သိသားပဲ။

ကျန်းလော့အော်ရယ်မိတော့မလိုဖြစ်သွားသည်။ '' ဒါကတော့မင်းရွေးချယ်မှုအပေါ်မှာမူတည်တယ်လေ ''

ချီယုံ့ကသူ့လက်ကိုဖြည်းဖြည်းချင်းဖိညှစ်လိုက်သည်။

ထန်ပိသည်နာကျင်မှုကြောင့်ညည်းတွားလိုက်သည်။ ချီယုံ့ရဲ့အကြည့်ကကျန်းလော့ရဲ့မျက်နှာမှာသာအာရုံစိုက်ထားသည်။ ဒီမပီမသညည်းသံကိုကြားတာတောင် ထန်ပိကသူစိမ်းတစ်ယောက်သာဖြစ်သလိုမျိုး
အနက်ရောင်ဆံနွယ်လူငယ်၏မျက်နှာက
လုံးဝပြောင်းလဲသွားခြင်းမရှိချေ။ ထိုအစားသူ့အမူအရာကအနည်းငယ်စိတ်မရှည်တဲ့ပုံပေါ်သည်။ သူ့ပုံစံကအကယ်၍ထန်ပိတကယ်သေသွားလျှင်တောင်သိပ်ပြီးဝမ်းနည်းနေမှာမဟုတ်ဘူး ၊ဒါပေမဲ့လက်တုံ့ပြန်တဲ့အနေနဲ့ ဟွားလီကိုသတ်ပစ်လိမ့်မည်။

သွေးအေးရက်စက်ပြီးအငြိုးကြီးတဲ့ မြွေပွေးတစ်ကောင်လိုမျိုး သူ့ကိုစိတ်မချမ်းသာအောင်လုပ်တဲ့သူတိုင်းကို အံစွယ်ကျိုးနေရင်တောင်မှအသေပြန်ကိုက်မယ့်လူမျိုးပဲ။

မကောင်းဆိုးဝါးဝိညာဥ်သည်ဘာကြောင့်မှန်းမသိ ပို၍ရယ်ချင်လာသည်။ ရုတ်တရတ်သူ့လက်ကိုဖြေလျော့လိုက်တော့ ထန်ပိသည်မြေပြင်ပေါ်လဲကျကာ သူ့ခြေထောက်နားတွင်ဒူးထောက်လျက်သားဖြစ်သွားသည်။ ချီယုံ့၏လေသံကရွှင်မြူးနေဆဲပင်။ '' ကောင်းပြီ... ငါသဘောတူတယ် ''

ဟွားလီသည်အလွန်ရင်ထဲထိသွားပြီး ချီယုံ့အားမော့ကြည့်လိုက်သည်။ '' သခင်! ''

ဝမ်းသာလုံးစို့ပြီးငိုတော့မလိုဖြစ်နေသည့်ဟွားလီကို ကျန်းလော့ကြမ်းပြင်ပေါ်ပြန်နင်းချလိုက်သည်။ အဲ့နောက်လက်ပိုက်လျက်ချီယုံ့ကိုစိုက်ကြည့်ပြီး ရွှေရောင်ကြာပွတ်ကသူ့လက်တွေထဲမှာပဲရှိနေသေးသည်။ ကျန်းလော့နှုတ်ခမ်းဖျားတွေကိုကွေးညွှတ်၍
ဝတ်ကျေတန်းကျေပြုံးလိုက်ပြီး '' ဒါဆိုမင်းဘာလို့သူ့ဒဏ်ရာတွေကိုမကုပေးသေးတာလဲ? ''

This Damned Thirst for Survial[Myanmar Translation]Where stories live. Discover now