Episode - 1

24.1K 915 17
                                    

အအေးမပိုသော ဆောင်းညတစ်ည ၏ လမ်းမပေါ်တွင် လူငယ်လူရွယ်များ တရုန်းရုန်းနဲ့ ခြေခြင်းလိမ်နေကာ တိုးဝှေ့နေကြစဥ်...

ရုတ်တရုတ်ထွက်လာသော စိုးရိမ်သံ...

'' ဟာ...​သွားပြီ! ! ''

'' ဘာလို့တုန်းဟ ''

'' ပါသွားပြီး အီးးးငါပိုက်ဆံအိတ် အီးးးးး ''

အိမ်ကို OT ရှိသည်ဟု အကြောင်းပြကာ ရှန်မင်း တို့ ပညာရေးကျောင်းသားတစ်စု နဲ့ Nightout ထွက်ခါမှ ထုတ်ထားတာမကြာသေး၍ ဖောင်းနေသော အိတ်လေး အနှိုက်ခံလိုက်ရလေပြီ။

အမလေး ကုန်ပါပြီ မေမေရယ့်....

ပထမရက်

'' ဟယ်လို...ဟျောင့် တိမ်တိုက် မနက်ဖြန် အလုပ်ဘယ်ချိန် ဆင်းမှာလဲ ''

'' အေး ၄ခွဲလောက် ဆင်းမှာကွ OT မရှိဘူးလေ ဘာလို့လဲ မင်း အဆောင်မှာနေခဲ့မလို့လား ''

ရှန်မင်းမှာ ရန်ကုန်ပညာရေးတက္ကသိုလ် တွင် တက်နေသည်မှာ တတိယနှစ်ပင် ရောက်လာခဲ့ပြီဖြစ်သည်။ တိမ်တိုက် ကတော့ ကျောင်းတစ်ဖက်နဲ့ လုပ်ငန်းခွင် ဝင်တာ သုံးနှစ်ရှိပြီ ဖြစ်သည်။

အထက်တန်းတည်းက အချစ်ဆုံး သူငယ်ချင်း တွေဖြစ်ခဲ့ကြပြီး ယခုလည်း
တိမ်တိုက် အလုပ်က YUOE( Yangon University of Education) ရှေ့ရှိ ကားမှတ်တိုင်နဲ့ နီးလေတော့
ညနေဆိုရင် သူကျောင်းဆင်းချိန်တဲ့ ကြုံလျှင် အတူ ပြန်နေကြဖြစ်သည်။ .အဆောင်နေလျှင်ရသော်လည်း သူ့မားမား အန်တီခိုင်က သဘောမတူသဖြင့် အိမ်ကနေသာ ကျောင်းသွားကျောင်းပြန်လုပ်ရသည်။

တစ်ခါတလေ တွင်တော့ တိမ်တိုက် နဲ့လိုက်မပြန်ပဲ အဆောင်တွင် သူ့သူငယ်ချင်းတွေနဲ့ သောက်စားပြီးမှ ပြန်လေ့ရှိသည်။

'' ပြည့်သူ့ရင်ပြင်က ညစျေးပွဲတော်လေ သိတယ်မလား ''

ဖျော်ဖြေရေး အစီအစဥ်များပါသည့်အပြင် စိတ်လှုပ်ရှားစရာ ဂိမ်းများစွာလည်း ရှိသည်။ ထို့အပြင် တက္ကသိုလ် ကျောင်းအသီးသီးမှ လူငယ်များ စု၍ ဆိုင်ခန်းလေးတွေ ဖွင့်၍ တစ်ဆိုင်နှင့်တစ်ဆိုင်မတူအောင် အစားအသောက် များကို ရောင်းချကြသည်။ အစားအစာများမှာ အမျိုးအစားစုံလင်သလို သောက်စရာများမှာလည်း ဆန်းသစ်လှသည်။ သုံးရက်တာ ကျင်းပသော ထိုပွဲသို့ လူငယ်များနှင့် တက္ကသိုလ် ကျောင်းသားများ အများဆုံး လာရောက် ကြသည်။

NotWithStanding...(မည်သို့ပင်ဖြစ်စေ... ) (Completed)Where stories live. Discover now