Episode - 13

5.4K 401 3
                                    


'' ဪ မမသက်တို့ပါလား ဘာပါလဲ ဟဲဟဲ ''

'' ဟယ် ကြည့်ပါဦး အဲ့တာ လူနာတဲ့လား။ သတင်းလာမေးတဲ့ သူကို ဘယ်လူနာက ဘာပါလဲ အရင် မေးလို့လဲ တိမ်တိုက်ရယ် ''

ခွန်းပြန်သွားပြီး နောက်တစ်နေ့ နေ့လည်တွင် ရုံးမှ မမသက်နှင့် အခြားအသိ အမကြီး၂ယောက်ပါ ရောက်လာကြသည်။

'' ဪ အဲ့လိုတော့လည်း ဘယ်ဟုတ်မလဲ မမသက်ရယ် ဒါကတော့ ဒီလိုရှိတာပေါ့ ''

'' တော်တော် တိမ်တိုက်။ တော်လိုက်တော့။ အခုက ထမင်းစားပြီးပြီလား ''

'' ပြီးပြီ၊တကူးတကကြီး မမသက်ရယ် မလာလည်း ရသားကို ''

'' ဪ ကိုယ့်သားလေး နေမကောင်းတာ လာကြည့်ရမှာပေါ့ကွ။ ဘယ်လိုလဲ နှစ်တိုင်း ဒီရောက်နေတာတောင် ဒီက ဆရာဝန်ကိုကိုတွေ နဲ့ ဘာညာမဖြစ်ဘူးလား ''

'' ဟာ ဒါပဲပြောနေတာပဲ ''

ရှက်သလိုလို ခေါင်းလေး ကုတ်ရင်း ဖြေသည်။ မမသက်ပြောသလို ဘာညာ မဖြစ်တာတော့မဟုတ် ။ ဖြစ်သည်။ သို့သော် ရှန်မင်း၏ ဝါးစားမတတ် အကြည့်တို့ကြောင့် ချည်းကပ်လာသော သူများမှာ ပြန်ပြန် တပ်ဆုတ်သွားရသည်။

တပ်မဆုတ်ပဲ ဆက်တိုးမိလျှင်လည်း ဦးတည်ရာမှာပြောင်းပြောင်းသွားတတ်ကြသည်။ ဥပမာ ကိုယ့်ဆီလာသော မြားဦးတို့ ရှန်မင်းဆီ ရောက်သွားခြင်းဖြစ်သည်။ အင်မတန် စကားကြွယ်၍ ကြွေအောင် ပြောတတ်ရာတွင် နှစ်ယောက်မရှိသူမဟုတ်လား။

ရှန်မင်း သူ့စကားအတိုင်း မနက် အစောက ပြန်ရောက်လာပြီး မမသက်တို့မလာခင်ကမှ ပြန်သွားသည်။ မကြာခင် မေမေရောက်လာလိမ့်မည် ဟုလည်းပြောသွားသည်။

'' ဪ သမီးတို့ရောက်နေတာပဲ ''

'' ဟုတ်တယ် အန်တီ ချီးထုပ်လေး စားဖို့ မုန့်လည်း လာပို့ တာ ''

ဘေးတွင်စုံလင်လှသော မုန့်များ ကို ဒေါ်ယုယမြိုင် ဝင်လာရင်း တစ်ချက်ကြည့်လိုက်သည်။ သစ်သီးများနှင့် နို့ဘူးများတောင် ပါသေး။

'' သမီးတို့လည်း နှစ်တိုင်းလာနေရတယ်။ မလာလည်းရပါတယ်ကွယ်။ သက်သက်အလုပ်ရှုပ်ခံလို့ ။ ''

NotWithStanding...(မည်သို့ပင်ဖြစ်စေ... ) (Completed)Where stories live. Discover now