Episode - 20

5K 327 4
                                    

မှတ်တိုင်တွေ တစ်ခုပြီးတစ်ခု ကျော်လွန်လာပြီးနောက်မှာတော့ ရှန်မင်းတို့ အိမ်ပြန်ရောက်လာခဲ့သည်။ မိုးကလည်းရွာနေတုန်းပင်။

ကားကို ရှန်မင်းအိမ်ရှေ့မှာရပ်ခိုင်းလိုက်ပြီး ခုထိအိပ်ပျော်နေသော သူ့ပုခုံးပေါ်က ကောင်လေးကို နှိုးရသည်။

'' တိမ်တိုက်ရောက်ပြီ ထတော့ ''

ငိုထား၍ ကျိန်းစပ်နေသော မျက်လုံးတို့ကို ပွတ်သပ်ပြီး အိပ်ချင်မူးတူးထလာသည်။ ထို့နောက် ကားထဲတွင် ခဏစောင့်ရန်ပြောပြီး ကားပေါ်ကဆင်းသွားကာ မိုးရေထဲအမြန်ပြေးပြီး အိမ်ထဲသို့ဝင်သွားသည်။ နောက်တော့ ကားခနှင့် ထီးတစ်ချောင်းယူကာပြန်ထွက်လာသည်။ တက်စီသမားကို ကျေးဇူးတင်ကြောင်းသေချာပြောပြီး ပိုက်ဆံပေးလိုက်သည်။ မိုးလည်းချူပ် မိုးလည်းရွာနေသည့်အထဲ အိမ်အထိလိုက်ပို့ပေးတာ တကယ်ပင်ကျေးဇူးတင်ရသည်။

ထို့နောက် ထီးဆောင်းပေးကာ တိမ်တိုက်အိမ်ဘက်သို့ လိုက်ပို့ပေးလိုက်ပြီး
အန်တီယုယကို သူခေါ်သွား၍ နောက်ကျသွားကြောင်း ဟု သေချာမုသားသုံးကာ ပြောပြပြီးမှ ထားခဲ့လိုက်သည်။ မဟုတ်လျှင်လည်း သက်သက်အထောင်းခံရဦးမှာ တိမ်တိုက်ကြိုးပင်ဖြစ်သည်။

ရှန်မင်းအိမ်ဘက်သို့ ပြန်လာလိုက်ပြီး ရေကိုအကြာကြီးချိူးမိသည်။ မေမေ ထမင်းစားဖို့လာခေါ်သည်ကိုလည်း စားချင်စိတ်မရှိ၍ အောက်ထပ်သို့ မဆင်းမိ။ မိုးရွာသဖြင့် မိုးပတ်ထားသော ဝရံတာမှာလည်း စိုရွှဲနေ၍ အခန်းထဲမှာပဲ ပြတင်းပေါက်ဖွင့်ကာ ဆေးလိပ်သောက်နေရသည်။ ခေါင်းလျှော်ထား၍ ခဲရောင်ဆံပင်တို့မှ ရေများတောက်စက်တောက်စက် ကျနေသည်။ သို့သော် ခေါင်းသုတ်ဖို့ စိတ်မဝင်စား။ ဆေးလိပ်များကိုသာ တစ်လိပ်ပြီး တစ်လိပ်ရှိုက်ဖွာနေမိသည်။

နောက်ဆုံးတော့လည်း သူ့အဖိုးတန်လေးကို သူများလက်ထဲ ထည့်ပေးလိုက်ရတော့မည်။ ရင်ထဲမွန်းကြပ်နေသည်။ ဘာလုပ်လို့လုပ်ရမှန်းမသိအောင်ဖြစ်နေကာ ဆေးလိပ်တွေပဲသောက်ချင်နေမိသည်။ မှုတ်ထုတ်လိုက်တဲ့အငွေ့တွေထဲမှာများ မွန်းကြပ်မှုတွေ ပါလို့ပါငြားပေါ့။

NotWithStanding...(မည်သို့ပင်ဖြစ်စေ... ) (Completed)Where stories live. Discover now