Episode - 17

5.2K 388 1
                                    


သတ်မှတ်ထားသည့်စည်းတွေကို ကျော်ဖြတ်လာပြီး နောက်တော့ လွတ်လပ်စွာ သည်ရပ်ဝန်းလေးမှာပဲ အပြည့်အဝ ချည်နှောင်ခွင့်ပြုလိုက်ချင်သည်။

မနက်ခင်း နေရောင်ခြည်နဲ့အတူ မင်းကိုလည်း မြင်တွေ့ချင်သလို ညနေဆည်ဆား နေဝင်သည်အထိလည်း မင်းနဲ့အတူ တစ်နေ့တာကို ကုန်ဆုံးချင်သည်။

သိပ်လှတဲ့ မောင့်အတ္တတွေက မင်းကို သာ ရည်ညွန်းစေခဲ့တာပါ တိမ်တိုက်ရယ်။

အချစ်ကြိုးတွေနဲ့ တိမ်တိုက်ဆိုတဲ့ မင်းကို မောင့်အနားမှာပဲ အမြဲ ချည်ထားပါရစေ။

မင်းသဘောကရော....

..........

သည်ကနေ့ တိမ်တိုက် ဆေးရုံဆင်းရမည့်နေ့။ နိုးတာနှင့် ဆေးရုံသွားဖို့ပြင်ဆင်ကာ ခေါ်လာသော ကြောင်မလေးကို တိုက်ခန်းပေါ်မှ မဆင်းလာခင် အစာကျွေးခဲ့ရသေးသည်။လိုင်းကားစီးလျှင် ကြာမှာစိုး၍ တက်စီ ငှားပြီးထွက်လာလိုက်သည်။

မနေ့က တစ်ရက်တည်း တိမ်တိုက်မေမေနှင့်ခွန်းတို့ ရင်းနီးနေကြပြီဖြစ်သည်။
ကျောင်းဆရာဟု မပြောမှန်းသိသာအောင် စကားပြောရာတွင် လိမ္မာပါးနပ်ပြီး လူကြီးသူမ များနှင့်လည်း ပြောဆိုရာတွင် အကင်းပါးသဖြင့် ခွန်းအား သဘောကျလေ့ရှိကြသည်။

အဲ့သည့်နေ့က တိမ်တိုက်မေမေပြောသော တိမ်တိုက်အကြောင်းတော်တော်များများကို စူးစမ်းစွာ သေချာလိုက်နားထောင်ဖြစ်သည်။ သူ့မေမေဆိုရင်ရော တိမ်တိုက် မေမေလို ပြောနိုင်ပါ့မလား။

နေနှစ်စင်းပြိုင်ထွက်ရင်တောင် ပိုဖြစ်နိုင်မည်။ အမြဲ အလုပ်ရှုပ်နေတတ်သော မိဘနှစ်ပါးဆီက ငယ်ဘဝအကြောင်း ကို ပြန်ကြားရဖို့ဆိုတာ ဘယ်တော့မှ မဖြစ်နိုင်ပေ။

တက်စီပေါ်မှာ ဟိုတွေးဒီတွေးဖြင့်လိုက်ပါလာရင်း ဆေးရုံနားရောက်လာခဲ့သည်။

ဆေးရုံထဲ ဝင်ခါနီးစိုင်းထွဋ်ခေါင်မင်း ဆီမှ ဖုန်းဝင်လာသည်။

'' ဟုတ် ဆရာ ''

''. ....''

'' ဪ ဟုတ် ဟုတ် ''

''. .....''

'' ဟုတ် ကျွန်​တော် ​အခု လာခဲ့မယ် ''

ခွန်း ဆေးရုံမှ ပြန်ထွက်လာကာ ကားပြန်ငှားပြီး ရန်ကုန်ဆေးရုံကြီးသို့ ပြန်ထွက်လာလိုက်သည်။
ဆရာ့အဖေ ကျန်းမာရေး မကောင်း၍ ဆေးလာစစ် ကြခြင်းဖြစ်ရာ ခွန်းအား လှမ်းခေါ် ခြင်းပင်။

NotWithStanding...(မည်သို့ပင်ဖြစ်စေ... ) (Completed)Where stories live. Discover now