Episode - 55

5.7K 289 11
                                    

K'Cloudy ၏ ဒုတိယနေ့......
ကျောင်းသားကျောင်းသူများ၏ ခြေလှမ်းများက ပထမတစ်ရက်ကဲ့သို့ ရွှင်လန်းတက်ကြွနေကြသည်။ ကျောင်းတက်ခေါင်းလောင်းဘဲလ်မမြည်ခင်အထိ ကျောင်းထဲတွင် အဖြူအစိမ်းနှင့်ကျောင်းသားလူရွယ်များအား လှုပ်လီလှုပ်လဲ့ တွေ့နေရသည်။ ထို့ပြင် တာဝန်ကျဆရာများကလည်း ကျောင်းဝန်းအတွင်း လှည့်လည်ကာ ကလေးများအား ကြည့်ရှုစောင့်ရှောက်ပေးကြသည်။

ကျောင်းတက်ချိန်ရောက်သောအခါ အတန်းအသီးသီးထဲသို့ ကျောင်းသားကျောင်းသူများနှင့် သက်ဆိုင်ရာ ဆရာဆရာမများ ဝင်သွားကြကာ အတန်း၏ပထမဆုံးအချိန်ကိုစတင်ကြသည်။

ကျောင်းဂိတ်ပေါက်က လုံခြုံရေးဦးဝင်းကလည်း ကျောင်းတံခါးကိုသော့ခတ်ကာ ကော်ဖီခွက်ရှေ့ချပြီး သတင်းစာဖတ်နေသည်။

အမရာတစ်ယောက်ကတော့ ကျောင်းကိုနောက်ကျမှရောက်လာသည်။ မနေ့က ခွန်း၏ စကားတွေကြောင့် ဒီနေ့မနက်ကျောင်းလာဖို့ကိုပင် မနည်းအားတင်းကာ လာရသည်။
အရင်လူအရင်စိတ်သာဆိုလျှင် ဒီလိုအပြောခံရပုံမျိူးဖြင့် ရှက်လွန်းလို့သတ်တောင်သေမိမှာ အမှန်ပင်။ အခုတော့ ဖခင်၏ လောဘနှင့်သူမ၏အတ္တတို့်ပေါင်းဆုံလာသောအခါ မျက်လုံးထဲဘာမှမမြင်တော့။ အဓိက က ခွန်းကို သူမ ပြန်ပိုင်ဆိုင်ခွင့်ရရန်သာဖြစ်သည်။ တိမ်တိုက်ကြိုးဆိုသည့်ကောင်လေးဆီက ပြန်ဆွဲထုတ်နိုင်ဖို့ဆိုလျှင် ခွန်းနှင့်အနီးဆုံး နေတာကပိုကောင်းပေလိမ့်မည်။

'' ဦးဝင်း တံခါးလေးဖွင့်ပေးပါဦး ''

အနည်းငယ်နွမ်းနေသော အသံဖြင့် ပြောတော့ ဦးဝင်းတစ်ယောက် သတင်းစာထဲ စိတ်ရောက်နေကာ တိုးလျလှသော အမရာ့အသံကို သူမကြားလိုက်။

'' ဦးဝင်း! ! ''

'' ေဟ ေဟ....ဪ ဆရာမ... လာပြီ လာပြီ ''

ဦးဝင်း သူ့နာမည်ကိုအော်ခေါ်သံကြားလိုက်တာကြောင့်လန့်သွားပြီး ပြာပြာသလဲ အပေါက်ဝကိုကြည့်တော့ အဖြူအစိမ်းနှင့် အမရာကိုတွေ့လိုက်ရ၍ သော့ယူကာ တံခါးဝဆီသို့ပြေးသွားဖွင့်ပေးလိုက်သည်။

'' ဆရာမ နောက်ကျတယ်နော်. ''

'' အင်း.....''

အမရာ အင်းတစ်လုံးသာ ပြောကာ ကျောင်းဆောင်တွေဘက်လျှောက်သွားလိုက်သည်။

NotWithStanding...(မည်သို့ပင်ဖြစ်စေ... ) (Completed)Where stories live. Discover now