Episode - 43

4.4K 307 27
                                    


ရာသီတစ်ချိူ့ ကုန်လွန်သွားခဲ့ပြန်သည်။ တစ်ပတ်ပြန်လည်လာသည့် ဆောင်းက ဒီနှစ်လည်း ဒီလူတွေကို အေးမြစေခဲ့ပြန်သည်။ စိမ့်နေအောင် အေးသည့် မနက်ခင်းတစ်ခုမှာ ကြီးကျယ်ခမ်းနားသည့် အခမ်းအနားတစ်ခုကို လက်ခုပ်သံတစ်ချိူ့နှင့် အစပြုလိုက်သည်။

မတူညီသော အရောင်များနှင့် Hood ( အရောင် လည်ပင်းစွပ် ) ကို အနက်ရောင်ဝတ်ရုံပေါ်တွင် ဝတ်ဆင်ထားပြီး ဘွဲ့ဦးထုပ်များ ဆောင်းထားသော လူမ်ားက စီတန်းကာ စနစ်တကျ နေရာယူထားသည်။

တစ်ချိူ့က အောင်မြင်မှု၏ ပြယုဂ်ဟုခေါ်ချင်ခေါ်ကြပါလိမ့်မည်။ ဒါဟာ ကိုယ်တိုင် ကြိုးစားမှုအတွက် ထိုက်တန်သော ဆုလာဘ်တစ်ခုပေါ့။

ဒီဝတ်စုံကို ဝတ်ပြီး ဒီခမ်းနားလှသည့် စင်ပေါ်တက်ဖို့အတွက် အချိန်တွေအကြာကြီး နှစ်တွေအကြာကြီး ရင်းနှီးခဲ့ရတာဖြစ်သည်။ သေလောက်အောင် ပင်ပန်းစွာ ကြိုးစားခဲ့ပြီး ရရှိလာမည့်ပကာသနတစ်ခု။ သည်ခန်းမအတွင်းရှိသော လူတိုင်းက ယုံကြည်ချက်ပြင်းပြင်းနှင့် ဂုဏ်ယူဝင့်ကြွားနေကြမှာ မလွဲဧကန်ပင်။

ဦးမာန်ခွန်းစစ် တစ်ယောက် လည်ကတုံးနှင့် တိုက်ပုံကို သပ်သပ်ရပ်ရပ်ဝတ်ထားပြီး အခမ်းအနား၏ ရှေ့ဆုံး VIP ခုံတွင် ဂုဏ်သိက္ခာရှိစွာ ထိုင်နေသည်။ အနောက်တွင် ခွန်းခငယ်လေးက အပျိူဖြန်းလေးပီပီ သခွားမွှေးရောင် မြန်မာ ဝတ္စုံကို လှလှပပဝတ်ဆင်ထားကာ ငယ္ဂုဏ္ကို ပေါ်စေသည်။ ဘေးတွင်
ဒေါ်ဝင့်ဝါထည်ကလည်း ခငယ်လေးနှင့်အရောင်တူ မြန်မာဝတ်စုံကို လက်ဝတ်တန်ဆာအပြည့်ဖြင့် ဘေးတွင် ဂုဏ်ယူပြုံးတစ်ခုနှင့် ခပ်သာသာ ထိုင်နေသည်။

တစ်ဖက်ခြမ်းတွင်တော့ အနက်ရောင်ဝတ်ရုံလွှမ်းထားသော လူတစ်စုထဲတွင် ဘွဲ့ဦးထုပ် အနက်ဖြင့် ခန့်ညားနေကာ တိကျသေသပ်နေသော မျက်ခုံးတန်းထင်းထင်းတွေနှင့် နီညိုရောင်နှုတ်ခမ်းပါးတို့ကို စေ့ထားလျက်ရှိသူက စူးရှထက်မြက်ကာ လွှမ်းမိုးမှုအပြည့်ပါသော မျက်ဝန်းတွေနှင့် ခွန်းမာနမောင် ။

K'Cloudy ကို ဦးစီးလိုက် M.Ed အတွက်ပြင်ဆင်လိုက် .... တိမ်တိုက်ဆီ ပြေးလိုက် နှင့် လုံးလည်ချာလည်လိုက်ရင်း ၂နှစ်ဆိုသည့်အချိန်ကို ကုန်လွန်ခဲ့ပြီး ယခု မဟာဘွဲ့ ယူရန် ခန်းမထဲသို့ ခွန်းရောက်နေသည်။

NotWithStanding...(မည်သို့ပင်ဖြစ်စေ... ) (Completed)Where stories live. Discover now