Episode - 9

5.2K 417 11
                                    

ဘုရားမှ ပြန်လာပြီး နောက်ပိုင်း တစ်ပတ်လုံး နာကျင်စရာကောင်းလှသော ခွန်း မိသားစု အကြောင်းအား ခေါင်းထဲမှ ထုတ်မရခဲ့။

'' ကိုယ် ဘယ်သူ့အသနားမှ ခံမှာမဟုတ်ဘူး '' ဆိုသည့် အရိပ်အမြွက် ကြောင့် ခွန်းအား ပုံမှန်အတိုင်းပဲ ဆက်ဆံရသည်။ နွေပူပူ ထက်တွင် မီးလို လောင်မြိုက်ရသော ခွန်းမိသားစု အကြောင်းမှ တခြား အကြောင်းအရာ များသို့ တိမ်တိုက်ရအောင် ဆွဲထုတ်ခဲ့ရသည်။ ပြင်ပတွင် ဘယ်လိုပင် တည်ငြိမ်နေစေကာမူ ရင်ထဲတွင်တော့ လောင်မြိုက်နေဆဲ ဆိုတာကို စားပွဲခုံထက်ရှိ တင်းတင်းဆုပ်၍ တင်ထားသော ခွန်းလက်တွေ အားကြည့်၍ သိနိုင်ပေလိမ့်မည်။

နာကျင်ရခြင်းအကြောင်းတရားများ အား မျက်ရည်တို့ပင် မဝဲစေပဲ ပြောပြနိုင်သည့် ခွန်းရဲ့ မာနကိုတော့ လေးစားသွားသည်။

မည်သို့ပင်ဖြစ်စေ ကိုယ်မြတ်နိုးရသော ရပ်ဝန်းလေးတော့ အေးချမ်းစေချင်သည်။

တိမ်စိုင်တိမ်လိပ်တို့ဖြင့် ပြည့်နှက်နေသော သောကြာနေ့တစ်ရက်တွင်တော့ အင်းလျားကန်ကိုကျောခိုင်းကာ ကားလမ်းဘက်မျက်နှာမူလျက် ထိုင်နေသော တိမ်တိုက်၏ ဘေးတွင် အင်းလျားကန်ဘက် မျက်နှာမူ၍ ရပ်နေသော ခွန်းရှိသည်။

'' တိမ်တိုက် ကိုယ့်ကိုဘယ်လိုမြင်လဲ ''

'' အင်း.... ကျွန်တော်မသိဘူး၊ ကျွန်တော် က တစ်မျိူးတည်းပဲမြင်နေလို့ ''

ရေပြင်ကိုသာကြည့်နေသော ခွန်းအား တိမ်တိုက်မော့ကြည့်ရသည်။

'' ဘယ်လိုမျိုးလဲ ''

'' ကိုခွန်းကို...ဟင်းးဟင်းး.''

ကျွန်တော့်ကောင်လေးပေါ့ လို့သာ စိတ်ထဲက ပြောလိုက်ရင်း ခပ်သဲ့သဲ့လေး ရယ်လိုက်သည်။

ဘယ်တုန်း သည်လိုသတ်မှတ်ဖို့ စဥ်းစားခဲ့တာလဲ။

ပြောစရာ ရှိတာ ဆက်မပြောပဲ ရယ်နေသော အကောင်ပေါက်အား ခွန်း ကြည့်ကာ

'' ဟိတ် ရယ်မနေနဲ့ မေးတာဖြေလေကွာ ''

တိမ်တိုက် နှာတံလေးကို လက်ညိုး လေး နဲ့ ခပ်ဖွဖွ လှမ်း တောက်လိုက်သည်။

NotWithStanding...(မည်သို့ပင်ဖြစ်စေ... ) (Completed)Where stories live. Discover now