Episode - 42

4.7K 305 22
                                    


'' ဒီလိုဖြစ်စဥ်မျိူးက အင်မတန်မှ ရှားပါတယ်။ သေပြီးမှ ပြန်ရှင်လာတာမျိူးက ကြုံတောင့်ကြုံခဲပဲ။ ဒါ့ကြောင့် တိမ်တိုက်လေးက အရမ်းထူးဆန်းပြီး ကံကောင်းတယ်လို့ပြောလို့ရတယ် ''

ငိုထား၍ အောက်မျက်ရစ်လေးတွေ မို့အစ်နေသော လူတစ်စုက တိမ်တိုက် ကုတင် ဘေးတွင် ပတ်ပတ်လည်ဝိုင်းနေကြသည်။ လူတိုင်းရင်ထဲတွင် တော်သေးတာပေါ့...ဟူသော စကားများသာ ပဲ့တင်ထပ်နေသည်။

ခွန်းတစ်ယောက်ကတော့ မောင် ဟူသောအသံသေးသေးလေးကိုသာ အထပ်ထပ်ကြားနေမိသည်။ ထိုအသံကိုကြားလိုက်ရချိန်တွင် အမှောင်အတိဖြစ်နေသော ကမ္ဘာကြီးက ချက်ချင်းလင်းထင်းလာသလိုမျိူး ခံစားလိုက်ရတာပင်။

'' အခုက အာလုံးပုံမှန်ဖြစ်သွားပါပြီ။ တစ်ခုပဲ...ပြန်နိုးလာမလားဆိုတာကိုတော့ တစ်ချက်စောင့်ကြည့်ရမယ် ''

'' ဟုတ်ကဲ့ပါ ဆရာ ကျေးဇူးအများကြီးတင်ပါတယ် ။ ''

'' ရပါတယ်ဗျာ တကယ်တမ်း ကျေးဇူးတင်ရမှာ ကျွန်တော်တို့ကိုမဟုတ်ဘူးဗျ။ ဒီက မောင်ရင် သာ....''

'' ဒေါက်တာ...''

ခွန်း အလန့်တကြား ဒေါက်တာထင်လင်းစကားကိုဖြတ်၍ ခေါ်လိုက်ကာ အသနားခံနေသော မျက်လုံးတို့ဖြင့်ကြည့်သည်။ ခွဲစိတ်ခန်းထဲက အသိစိတ်ကင်းမဲ့နေသော သူ့ပုံစံကို ဘယ်သူ့ကိုမှ မသိစေချင်ဘူး ထင်ပါရဲ့။

'' ဟား..ဟား..ဟုတ်ပါပြီကွာ ဒါဆို ဆရာတို့ကို ခွင့်ပြုဦး ''

ဒေါက်တာထင်လင်းတို့တွေ အခန်းထဲကထွက်သွားတော့မှ ရှန်မင်းတစ်ယောက် ခွန်းနားကပ်လာကာ တိုးတိုးလေးမေးသည်။

'' ကိုခွန်း ဘာလုပ်လိုက်လို့လဲ ''

'' ဘာမှမလုပ်ပါဘူး ဒီတိုင်း နှလုံးခုန်ခဏရပ်သွားတာမျိူးဖြစ်မှာပေါ့ ''

............................

၂နှစ်ခန့် ကြာသောအခါ ........

'' ကဲပြော ဒါကဘယ်လိုဖြစ်ကြတာလဲ ''

အမဲရောင် Polo Shirt ၏ ကော်လံနှင့် လက်မောင်းနားတွင် အဝါရောင်အစင်းများပါပြီး ရင်ဘတ်တွင် အဝါရောင်နှင့်အဖြူရောင် တိမ်တိုက်အသေးလေးနှစ်ခု .......ညာဘက်အင်္ကျီလက်မောင်းအစပ်တွင် K' Cloudy ဟူသော စာတန်းကို ချည်အဝါထိုးထားသည့် Polo shirt အမဲ​လေးကို ဆင်တူဝတ်ဆင်ထားသော K' CLOUDY Private Class မှ ၇တန်းကျောင်းသားလေး ၃ယောက် ခွန်းရှေ့မှာ လက်ကလေးတွေပိုက်ပြီး တန်းစီရပ်နေကြသည်။

NotWithStanding...(မည်သို့ပင်ဖြစ်စေ... ) (Completed)Where stories live. Discover now