Episode - 34

4.4K 281 19
                                    

'' ကိုကို အင့် ဒါစားကြည့် ''

'' အဲ့ဒါ စပ်တယ် ''

'' ဒါဆို ဒါစားကြည့် ချိူတယ် ''

'' ဟင့်အင်း အရမ်းချိူတယ် ''

ရှန်မင်းရှေ့က စားပွဲဝိုင်းပေါ်မှာရှိသည့် အစားအသောက် များစွာကို တစ်ခုချင်းခပ်ကာ ကိုကို့ ကို ခွံ့ကျွေးနေသည်။

ကိုကိုနှင့် အနီးကပ်ဆုံး ရှိလာသည့်အခါမှ ရှန်မင်းသိလိုက်ရတာက ကိုကိုက အစားအသောက် အရမ်းဂျေးများသည်။ ချိူလွန်းရင်လည်းမစားသလို စပ်လွန်းရင်လည်း မကြိုက်ပေ။ လိုက်နေစဥ် ကာလတုန်းက မသိသာခဲ့သော်လည်း ယခုတွင် ကိုကိုက ထင်ထားသည်ထက်ပိုဂျေးများနေသည်။

အသားငါးဆိုလည်း ဟက်ဟက်ပက်ပက် မရှိပဲ အသီးအရွက်လောက်ကိုသာ အားကိုးစားသည်။ ရှန်မင်းကတော့ အသားဆိုလျှင် သေလောက်အောင် ကြိုက်လေ သည်။ တစ်နည်းအားဖြင့် သူများအသက်မပါလျှင် ရှန်မင်းထမင်း မစားတတ်ပေ။

'' ပါဏာတိပါတာ သူများအသက်မပါလျှင် ဟာတိဟာတာ '' ဆိုသလိုတောင်ဖြစ်နေသည်။

တွေ့ချင်လွန်းလို့ မုန့်ဝယ်ကျွေးမည်ဟု ခေါ်ကာ ရှန်မင်း ကျောင်းဆင်းချိန် လာကြိုခိုင်းလိုက်ပြီး ကိုရီးယား စားသောက်ဆိုင်သို့ ခေါ်လာခဲ့ခြင်းဖြစ်သည်။ ပုံမှန် နှစ်ယောက်တွဲသွားသည့်အခါများတွင် အာရုံစိုက်ခံရလေ့ရှိ သည့်အပြင် ယခုက အဖြူအစိမ်းနဲ့ဖြစ်နေသည်မို့ သီးသန့်အခန်းကို ဘိုကင်လုပ်ထားရသေးသည်။

အခုလည်း ဂျေးများတတ်လွန်းသည့် ကိုကို့အတွက် အစုံမှာထားပေးပြီး ကြိုက်လောက်မည့်ဟာကို စားစေသည်။

'' ဟိုဟာ..ဟိုဟာ...အဲ့တာ စားမယ် ''

ကိုကိုလက်ညိုးထိုးလိုက်သည့် ပန်းကန်ကို သူ့ရှေ့ရွှေ့ပေးလိုက်တော့ တစ်ခုစမ်းစားကြည့်သည်။ ကြိုက်လို့နှင့် တူသည် တခြားဟာတွေ မထိတော့ပဲ ထိုတမျိူးတည်းသာ စားသည်။ ကိုကိုက အဲ့လိုသူမျိူး ဘာတွေဘယ်လောက်စျေးကြီးပြီး စားကောင်းကောင်း သူကြိုက်သည့်တစ်မျိူးသာ စားတတ်တာမျိူး။

နှုတ်ခမ်းပါးလေးက အပူဒဏ်ကြောင့်ထင်သည်။ ရဲကာစိုစွတ်လို့နေသည်။ ရှန်မင်း ကတော့ ဘာမှမစားပဲ ကိုကို စားသည်ကိုသာ အလှထိုင်ကြည့်နေသည်။ အမှန်ဆို ကိုကိုက သက်တန့်လောက် မလှသော်လည်း ကို​ကို့ရဲ့ ကြည်လင်သန့်ရှင်းနေသော မျက်နှာထားက ကိုကို ဘယ်လောက်ဖြူစင်ကြောင်း ဖော်ပြနေသည်။

NotWithStanding...(မည်သို့ပင်ဖြစ်စေ... ) (Completed)Where stories live. Discover now