Episode - 54 🔞

10.3K 371 31
                                    

🔞 This Part contains mature scenes 🔞🔞Read your own risks. ...

ည၈နာရီ.....
နောက်ကျနေပြီမို့ ခွန်း တိမ်တိုက်တို့ အိမ်မသွားတော့ပဲ ကွန်ဒို ကိုသာပြန်လာခဲ့သည်။ တိမ်တိုက်အိမ်ပြန်သွားသည်အထင်နှင့် ဒီည မလာဖြစ်တော့ကြောင်း Message တောင်ပို့ထားလိုက်သေးသည်။

အခန်းထဲရောက်တော့ ဆိုဖာပေါ်အရင်ထိုင်ပြီး ခနနားနေလိုက်သည်။ ကျောင်းတစ်ကျောင်းကို အုပ်ချူပ်ရသည့် ကျောင်းအုပ်ရာထူးက သူ့အတွက် သိပ်တာဝန်ကြီးလွန်းသည်။ အစပိုင်းမို့လည်းဖြစ်ကောင်းဖြစ်နိုင်ပါသည်။ တိမ်တိုက်ပြန်သွားကတည်းက အလုပ်ကဆက်တိုက်ရှိနေတာပင်။ ထိုကြားထဲ စာလည်းဝင်သင်ရသေးသည်မို့ ခွန်းပြန်ရောက်ချိန်တွင် အတော်ပင်ပန်းနေပြီဖြစ်သည်။

ဖုန်းကိုထုတ်ကြည့်တော့ တိမ်တိုက်ဆီမှ စာပြန်မလာသေးပေ။ ကျောင်းမှထွက်လာကတည်းပို့ထားတာဖြစ်သည်။ ရေချိူးပြီးမှ ဖုန်းဆက်တော့မည်ဟု တွေးကာ ရေချိူးရန် အိပ်ခန်းထဲသို့ဝင်စဥ် ကုတင်ပေါ်က တစ်စုံတစ်ခုကြောင့် ခွန်း မျက်လုံးတွေ ပြာထွက်သွားသည်။

အနက်ရောင် အိပ်ယာခင်း ခင်းထားသောကုတင်ပေါ်တွင် ခွန်း၏ ရှပ်လက်ရှည် အနက်ကြီးကိုဝတ်ဆင်ထားပြီး ခြေပစ်လက်ပစ် ကားယားကြီး မှောက်အိပ်နေသော တိမ်တိုက်ကြိုး။ ကုတင်အစပ်လေးတွင် အပုံလိုက်လေးဖြစ်နေသော ပုဆိုးတစ်ကွင်း ။

အနက်ရောင် ဖက်ခေါင်းလုံးပေါ်သို့ ခြေထောက်တစ်ဖက်ကလည်းခွတင်ထားသေးသည်။ခွန်း အင်္ကျီ က တိမ်တိုက်နှင့်ဆို ပေါင်အလယ်လောက်ရှိသော်လည်း သိုသိုသိပ်သိပ် အိပ်တတ်လေသော တိမ်တိုက်ကြောင့် တင်ပါးတစ်ဝက်လောက်ထိ လိပ်တက်နေပြီ တိမ်တိုက်၏ မက်မွန်သီး လုံးလုံးလေး တစ်ဝက်နှင့် ဖြူလွှလွှ ပေါင်တံ သွယ်သွယ်လေးတစ်ချောင်းက အနက်ရောင် ကုတင်ပေါ်တွင်ထင်းနေသည်။ ကျန် တစ်ခြမ်းကိုတော့ အနက်ရောင်စောင်လေးက အုပ်ပေးထား၍သာတော်တော့သည်။ မဟုတ်လျှင် တိမ်တိုက်၏ အလှတရားကို ခွန်း အလုံးစုံမြင်တွေ့ရတော့မှာပင်။

အခုတော့ ခွန်း မျက်လုံးအစုံဟာ ပေါ်လွင်နေသောအလှတစ်ခြမ်းဆီ၌သာ ရှိနေတော့သည်။ ထိုစဥ် တိမ်တိုက်ကိုကြည့်နေရင်း ခွန်း လည်စေ့လေး အထက်အောက် လှုပ်ရှားသွားသည်။ တံတွေးမြိုချတာနော် အမိတို့...

NotWithStanding...(မည်သို့ပင်ဖြစ်စေ... ) (Completed)Where stories live. Discover now