Episode - 44

4.5K 312 9
                                    

'' မောင်ရှင်းပြတာ ခဏလောက် နားထောင်ပေးပါကွာ ။ ကိုကို ထင်သလို လုံးဝမဟုတ်ပါဘူး ''

'' ဒီလောက်ရှင်းလင်းနေတာကို မင်းကဘာထပ်ရှင်းချင်နေတာလဲ ။ ''

ကိုကို့နောက် တကောက်ကောက်လိုက်ကာ အသည်းအသန်ရှင်းပြနေသော ရှန်မင်းခက်။ တစ်နေ့က ရှန်မင်း နှင့် သက်တန့်ရောင်တို့ နားနေခန်းထဲတွင် နမ်းနေကြသည်ကို ကိုကိုတစ်ယောက် မျက်ဝါးထင်ထင် မြင်လိုက်ရတာဖြစ်သည်။

'' မောင် နမ်းတာမဟုတ်ဘူးလို့ ''

'' ဘာလဲ တကူးတကကြီး ကုန်းနမ်းနေတာကို မတော်တဆလို့ မင်းကပြောချင်တာလား ။ မပြတ်နိုင်ကြဘူးဆိုလည်း ဒဲ့ပြောလေ ခိုးစားနေကြတာ မပင်ပန်းဘူးလား ။ ''

'' ကိုကို! ....မတော်တဆလို့လည်း မောင်မပြောဘူး။ မပြတ်နိုင်တာလည်းမဟုတ်ဘူး ခိုးစားစရာအကြောင်းလည်းမရှိဘူး ''

ရှန်မင်း ကိုကို့ လက်ကို ဆောင့်ဆွဲပြီး နံရံနဲ့ကပ်လိုက်ကာ မခံမရပ်နိုင်နှင့် ပြောသည်။ ရှန်မင်း၏ ကျယ်သွားသောအသံကြောင့် ကိုကို ခဏငြိမ်သွားသည်။ တွဲလာသည့် နှစ်တွေအကြာကြီး မှာ ဒီတစ်ခါက ရှန်မင်း အသံအကျယ်ဆုံးဖြစ်သည်။ ညဘက် ကြီးမို့ ကလေးတွေ အကုန်ပြန်သွားကြလို့သာတော်ရော့သည်။

'' အေးလေ ခိုးစားတာဘယ်ဟုတ်မလဲ လူမြင်ကွင်းမှာစားကြတာပဲ ။ ဟက် အရှက်လည်းမရှိကြဘူး ။ ''

ကိုကိုတစ်ယောက် ရွဲ့တဲ့တဲ့ပြောလေ ရှန်မင်း ဒေါသတွေဖြစ်လာလေပဲ။

'' စောမဟာသွေး...ခင်ဗျား စကားပြောတာတွေသိပ်လွန်နေပြီ ''

'' ဘာလဲ မင်းကိုထိလို့နာတာလား ဟိုကောင့်ကိုထိလို့ နာပြနေတာလား။ ဒီလိုပဲ ရှန်မင်းခက် လူဆိုတာ အနာပေါ်တုတ်ကျရင် နာတတ်ကြတာချည်းပဲ ''

ရှန်မင်း ဆုပ်ကိုင်ထားနဲ့ ကိုကို့လက်ကောက်ဝတ်ဟာ နာလွန်း၍ ရဲတောင်ရဲနေပြီဖြစ်သည်။

နမ်းနေကြတာကမှန်ပါသည်။ သို့သော် ကိုကိုထင်သလိုမဟုတ် ။ သက်တန့်က နားနေခန်း ထဲတွင် အမှတ်စစ်နေချိန် ရှန်မင်းရောက်လာတာဖြစ်သည်။ သက်တန့်က စစ်နေတုန်း ကလေး လက်ရေးကို နားမလည်သဖြင့် ရှန်မင်းကို ပြတော့ ရှန်မင်းက သက်တန့်ဘေးကနေ စာအုပ်ကို ကုန်းကြည့်​ရင်း သက်တန့်မျက်နှာနှင့်တစ်တန်းတည်းဖြစ်သွားသည်။

NotWithStanding...(မည်သို့ပင်ဖြစ်စေ... ) (Completed)Where stories live. Discover now