Episode - 10

6K 405 12
                                    

မနက် ၇ နာရီခွဲ....
အိပ်ယာနိုးတာနှင့် မျက်နှာသစ်သွားတိုက်ကာ အဝတ်အစား မြန်မြန်လဲပြီး လွယ်အိတ်ကောက်လွယ်၍ အခန်းထဲက အမြန်ထွက်လာသည်။ ဒီနေ့လည်း ကျောင်းနောက်ကျတော့မည်မှာ မုချပင်။ ညကသောက်သည့် အိပ်ဆေးအရှိန်များမှာ မသေသေး။

ခြံထဲ ဆင်းပြီး ဟိုဘက်အိမ်လှမ်းကြည့်လိုက်တော့။ ရှန်မင်းအမေ အန်တီခိုင် ပန်းပင်ရေလောင်းနေသည်။ အုတ်တံတိုင်းအပုလေးနားကပ်သွားကာ

'' အန်တီခိုင် ရှန်မင်း နိုးပြီလား ''

'' အေးကွယ့် စောစောစီးစီး နိုးနေပြီ ဘာစိတ်ကူးတွေ ပေါက်သလဲ မသိပါဘူး ကွယ် ခု
မနက်စာစားနေတယ် ''

ထို့နောက် အရှေ့တံခါးမှ ဟိုဘက်ခြံသို့ ကူးသွားပြီး ရှန်မင်းရှိရာ ထမင်းစားခန်းသို့ ဝင်သွားလိုက်သည်။ ထမင်းကြော်ကို ဇိမ်နှင့် စားနေသော ရှန်မင်း။ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ပြီး

'' ဘာစားနေတာလဲ ''

'' .... ''

'' ဒီနေ့အားလား ''

''. ...''

'' ငါ့ကို ကျောင်းလိုက်ပို့ပေးပါလား ကျောင်းနောက်ကျနေလို့ ''

'' မင်း ကျောင်းနောက်မကျတဲ့ နေ့ရှိလို့လား ခါ တိုင်းလိုင်းကားနဲ့ သွားနေကြကို ခုမှ ဘာအပိုတွေလာလုပ်နေတာလဲ ''

'' ခုတလော ခနခန မောနေတာကွ ပြီးတော့ နှလုံးကလည်း ပြန်အောင့်နေလို့.. မေမေက အလုပ်တောင် ပေးသွားချင်တော့တာ မဟုတ်ဘူး ခု ကျောင်းက နောက်ဆုံးတစ်ပတ်ပဲလေ ပြီးတော့ ဟိုနေ့က အန်တီခိုင်အိမ်လာတော့ လိုင်းကားတိုးမစီးနဲ့ တဲ့ မင်းကိုလိုက်ပို့ခိုင်းတဲ့ အဲ့လို ပြောသွားတာ အာ့ကြောင့် ''

ရှန်မင်း ခနငြိမ်သက်သွားပြီးး ဗြုန်းခနဲ ထရပ်သည်။ တိမ်တိုက် မော့ကြည့်ကာ ငြိမ်နေသည်။

'' ချီးးး ဘာကြောင်ကြည့်နေတာလဲ ပြောတော့နောက်ကျနေပြီဆို ''

'' ဪ အေးအေး ''

ကား​သော်ဆွဲပြီး ရှန်မင်းရှေ့က အရင်ထွက်သွားသည်။ တိမ်တိုက် ကုပ်ကုပ်ကလေးလိုက်သွားသည်။

NotWithStanding...(မည်သို့ပင်ဖြစ်စေ... ) (Completed)Where stories live. Discover now