Episode - 67

4.6K 282 2
                                    

အမရာတို့ လည်း ထွက်သွားရော ပွဲရှိလူတွေအကုန်လုံးက အခြေအနေတွေကို နားလည်သွားဟန်ပေါ်သည်။ ခွန်းနှင့်အမရာအကြောင်းသိထားကြသူများကလည်း အချင်းချင်း လက်တို့ပြီး ပြောပြကြတော့မှ ခွန်း အမှားမဟုတ်မှန်း သိကြတော့သည်။ သည်လိုနှင့် လူတွေ အားလုံး ပုံမှန်ဖြစ်နေချိန်တွင် ပုံမှန် မဖြစ်သေးသူက ခွန်း။

ဒီလောက် ဖြစ်ပျက်နေခဲ့သည့်အချိန်အတွင်းမှာတောင်မှ တိမ်တိုက်တို့ တစ်အုပ်စုလုံးကို မတွေ့ရသေးပေ။ တိုက်တိုက်ဆိုင်ဆိုင် တိမ်တိုက်နှင့် သိသူများ သာ ပျောက်နေသောကြောင့် ခွန်း မျက်လုံးတွေဟာ အမရာ့အဖေ ဦး ပြည်ဟိန်းသာဆီ ဒိန်းခနဲရောက်သွားတော့သည်။ အနေအထားမပျက် ဝိုင်ခွက်ကို တစိမ့်စိမ့်သောက်နေသော သူက စောစောကလေးတင် သမီးအရင်းတစ်ယောက်လုံး၏ ပြိုလဲမှုကို မျက်မြင်တွေ့ခဲ့ရသည့် ဖခင်တစ်ဦးပင်။

သူ့ပုံကြည့်ရတာ ဘာမှ စိတ်မဝင်စားသလိုပင်။ မအောင်မြင်သည့်အစီအစဥ် ပေါ် မကျေနပ်တာမျိူးလည်း
မရှိ။ လူဘုံလယ်အရှက်ကွဲသွားသော သမီးဖြစ်သူအတွက် လည်း စိတ်ပူပုံ မရပေ။ ခွန်း ဦးပြည်ဟိန်းသာဆီ တည့်တည့်လျှောက်သွားလိုက်ပြီး...

'' တိမ်တိုက် ဘယ်မှာလဲ ''

'' ငါဘယ်သိမှာလဲ ''

'' ခင်ဗျား အစီအစဥ်တွေဆိုတာ ကျူပ်သိတယ် ဦးပြည်ဟိန်းသာ။ တိမ်တိုက် ဘယ်မှာလဲ။ ''

ခွန်း ဟာ လူကြီးများ အလယ်တွင် ဦးပြည်ဟိန်းသာအား လေသံခပ်တင်းတင်းဖြင့် ဒေါသထွက်ကာ မေးနေသည်။

'' အမရာ့ကို သွားမေးလေ။ ဒီကိစ္စတွေက အမရာတစ်ယောက်တည်းလုပ်တာ ''

'' ခင်ဗျား ဘယ်လိုတောင်...​ေတာက်....''

ဘယ်လိုတောင် အကြင်နာတရားမရှိသည့် လူမျိူးလဲ။ သည်လိုလူမျိူးဆီမှာ မွေးဖွားလာသည့် အမရာဟာ သိပ် သနားဖို့ကောင်းသည်။ ထို့်​ပြင်ထိုလူနှင့်ပတ်သက်မိသမျှလူတွေကလည်း သိပ်ကို သနားဖို့ကောင်းလေသည်။

'' ဒီမှာ ဦးပြည်ဟိန်းသာ ။ ခင်ဗျားမှာ တစ်ခါပဲ မှားခွင့်ရှိလိမ့်မယ်။ ခင်ဗျားကြောင့် တစ်စုံတစ်ယောက်ကို ထပ်ဆုံးရှုံးရတာမျိူး ဖြစ်လာခဲ့ရင်...အဲ့အပြစ်ကြွေးကို ကျူပ်ကိုယ်တိုင်ဆပ်ခိုင်းမယ်။ ''

NotWithStanding...(မည်သို့ပင်ဖြစ်စေ... ) (Completed)Where stories live. Discover now