Episode - 52

4.2K 317 14
                                    

မျက်စိရှေ့ကမြင်ကွင်းကြောင့် ဘာဆက်လုပ်ရမှန်းမသိ ဖြစ်နေချိန် နားထဲဝင်လာသည်က
'' မနက်ဖြန် ဘာတွေပဲဖြစ်လာဖြစ်လာ မောင့်ကိုကြည့်ပြီးပဲ အနားမှာနေပေးပါ။ '' ဆိုသည့် စကားသံဖြစ်သည်။

ထို့ကြောင့် ပျက်ယွင်းသွားသော မျက်နှာကိုချက်ချင်းပြင်လိုက်ကာ လက်ထဲမှ ရေဘူးကို ဘေးကခုံပေါ်သို့တင်လိုက်သည်။ ထိုစဥ် ရှန်မင်းရောက်လာပြီး

'' တိမ်တိုက် ငါတို့ အနောက်ခနသွားရအောင် ''

တိမ်တိုက်တစ်ခုခုဖြစ်သွားမည်ကိုစိုးရိမ်ကာ ရှန်မင်းခက် အနားရောက်လာပြီး ထိုနေရာမှ တိမ်တိုက်အား ခေါ်ထုတ်သွားရန်ကြိုးစားလေသည်။

'' ငါဘာမှ မဖြစ်ဘူး ရှန်မင်း။ မောင်က သူ့အနားမှာပဲ နေဖို့ပြောထားတယ် ။ ''

'' ဒါပေမယ့်..''

'' ငါကတိပေးတယ် ဘာမှမဖြစ်စေရဘူး။ ငါအရင်က တိမ်တိုက်ကြိုး မဟုတ်တော့ဘူး ရှန်မင်း။ ''

ရှန်မင်းလှမ်းဆွဲထားသော လက်ကိုအသာဖယ်ချပြီး ခွန်းတို့ဆီ တစ်လှမ်းချင်းလျှောက်သွားလိုက်သည်။ တည်ငြိမ်စွာလှမ်းနေသော ခြေလှမ်းတို့နှင့်တိမ်တိုက်ကျောပြင်ကို ရှန်မင်း စိုးရိမ်တကြီး ကြည့်နေသည်။ အခြေအနေကို ရိပ်မိသွားသော ကိုကိုက ရှန်မင်းနား ရောက်လာသည်။

'' ရှန်ခက် ဟိုအမျိုးသမီး...''

'' ဆူးအမရာနွယ်... ကိုကို ဆူးအမရာနွယ် ''

'' ဟင် တိမ်တိုက်ကို အမြန် သွားခေါ်လေ ဘာလုပ်နေတာလဲ ''

'' သူအရင်ကလိုမဟုတ်တော့ဘူး တဲ့ ကိုကို။ ''

တိမ်တိုက်၏ အေးစက်စက် ကျောပြင်ကိုကြည့်ရင်း ရှန်မင်း တိုးတိုးလေးဖြေသည်။ ပုံမှန်ဆို သည်မြင်ကွင်းက တိမ်တိုက်အတွက် ငရဲတမျှဖြစ်နေရမှာပင်။ သို့သော် အေးဆေးတည်ငြိမ်နေပုံက.... ခွန်းတစ်ယောက် တိမ်တိုက်ကို ဘယ်လိုယုံကြည်မှုတွေ ပေးထားသလဲဆိုတာ ခန့်မှန်းရခက်နေသည်။

ကြောင်ပေါက်လေးတစ်​ကောင်လို အမြဲကပ်ချွဲနေတတ်သည့် ကလေးပေါက်စ တစ်ယောက်ရဲ့ မျက်လုံးတွေက သိပ်ကိုရဲတင်းနေသည်။ ထိုမျက်ဝန်းအိမ်လှလှလေးထဲတွင် မရှိဖူးသော
အကြည့်စိမ်းတို့က နေရာယူထားသည်။

NotWithStanding...(မည်သို့ပင်ဖြစ်စေ... ) (Completed)Where stories live. Discover now